[ နောင်တစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
" ဘယ်လိုလဲ "
ကြည်စင်ဝိုင်းစက်သောမျက်လုံးတစ်ဖက်ကို မှိတ်ပြရင်း အရှေ့မှသွေးတိုးစမ်းနေသော အနွယ်တော်၏ စကားဆိုလိုရင်းအဓိပ္ပါယ်ကို သဒ္ဒါမသိပါ ။
ရိုင်းလိုက်တာဟူ၍ လက်သီးနှင့်ထိုးလိုက်ရမည်လား ။ အိပ်ပါမယ်ဟူ၍ ခေါင်းငြိမ့်လိုက်ရမည်လား ။စကားလုံးတို့ပြောပြီးသည်အထိ အနွယ်တော်သည် သဒ္ဒါ့မျက်နှာနှင့်နီးကပ်လွန်းသည့်အခြေအနေမှ မခွာသေးချေ ။
နှစ်ယောက်ကြား နှာဖျားများထိစပ်တော့မတပ်ကပ်ထားပြီး ရှောင်ဖယ်နေသော သဒ္ဒါ့မျက်ဝန်းများကို အနွယ်တော်က ရဲရဲကြီးကိုစူးစိုက်ကြည့်နေသည် ။" ဟယ် သခင်လေးတို့ဘာလုပ်နေကြတာလဲ "
နှစ်ယောက်သားအပေါ်သို့ ဓာတ်မီးထိုးခံလိုက်ရပြီးနောက် တစ်ဖက်မှ တိုးညှင်းသည့် ထိတ်ထိတ်လန့်လန့်အသံတစ်ခုထွက်လာသည် ။
အနွယ်တော်နှင့်သဒ္ဒါနှစ်ယောက်လုံး ပြိုင်တူဘေးသို့လှည့်ကြည့်လိုက်သည့်အခါ အိမ်တော်မှ အလုပ်သမားဇွန်ပန်းဖြစ်သည် ။ဘေးလူရောက်လာသည်မို့ သဒ္ဒါက အနွယ်တော်နှင့်ကိုယ်ချင်းခွာလိုက်ပြီးနောက် ခေါင်းငုံ့ကာ တစ်ဖက်သို့လွှဲလိုက်သည် ။
အနွယ်တော်သည်တော့ ဇွန်ပန်းကိုသာ မျက်မှောင်ကြီးကျုံ့၍ ရှုတည်တည်ကြည့်နေလိုက်သည် ။ခဏအကြာတွင် တစ်ခြားအလုပ်သမားများရောက်လာပြီး အနွယ်တော့်ကိုအိမ်တော်သို့ခေါ်ဆောင်သွားကြသည့် ။
နောက်မှကပ်လျက် သဒ္ဒါသည်လည်း လိုက်ပါလာရသည် ။
အိမ်တော်တံခါးမကြီးသို့ရောက်သည့်အခါ ရိုခိုက သူ့သခင်ထံပြေးလွှားရောက်လာသည် ။" ဘာလို့ ဖွားဖွားကိုမပြောမဆိုနဲ့ ထွက်သွားရတာလဲ အနွယ်တော် "
အိမ်တော်၏ဧည့်ခန်းမတွင် ခေါင်းငုံ့ကာ အပြစ်ခံနေသော ကောင်လေးနှစ်ယောက်ရှိသလို ဂရုဏာဒေါသောဖြင့် မာန်မဲနေသော သခင်မကြီးလည်းရှိသည် ။
မျက်နှာချင်းဆိုင်၌ ပူးကပ်ကာ အလျှိုလျှိုခေါင်းငုံ့နေကြသော ကလေးနှစ်ယောက်ကိုကြည့်၍ သခင်မကြီး စိတ်မဆိုးနိုင်တော့ချေ ။
ВЫ ЧИТАЕТЕ
မောင့်သဒ္ဒါ(complete)
Любовные романыတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...