[အိမ်မက်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
အဆုံးအစမရှိသော ကောင်းကင်ပြင်က တဖြောက်ဖြောက်တောက်သော ကျယ်တို့အား မရေမတွက်နိုင်အောင် ထိန်းသိမ်းထားနိုင်သည် ။
သာသောလ၏ဘေးပတ်ပတ်လည်တွင် ခစားကြသော ကျယ်တို့မှာ မျက်စိကြိမ်းချင်စဖွယ် ။
ညခင်းလေပြေ၏ စေစားမှုက ခတ်သုန်သုန် ခပ်အေးအေးဖြင့် လိုက်ကာစများကြား တိုးလျှိုးတိုက်ခတ်ရင်းအခန်းတွင်းသို့ ဝင်စေသည် ။
အဖြူရောင်ဆေးသုတ်ထားသော အခန်းတွင်း၌
ဝါကျင်ကျင်မီးရောင်က ထိန်နေပြီး ဖြူထည်သော မွေ့ယာတွင် ငယ်ရွယ်ချောမောသော ကောင်ငယ်လေးတစ်ယောက်ထိုင်နေသည် ။
ထိုကောင်ငယ်လေး၏ တည်ငြိမ်အေးမြသော မျက်ဝန်းညိုများမှာ ညှို့အားပြင်းစွာဖြင့် ဖြူလွှသော စာရွက်ပေါ်မှ စာလုံးမည်းများကို လေ့လာဖတ်မှတ်နေသည် ။ထိုစဥ် ခပ်သုန်သုန်တိုက်ခတ်နေသော လေအေးနှင့်အတူ ပွင့်အလာသော ရေချိုးခန်းတံခါးနောက်မှ ဆံနွယ်ရှည်များချထားသော ကောင်ငယ်လေးနောက်တစ်ဦး ။
ညှို့နိုင်ပါ၏ဟူသော မျက်ဝန်းညိုများက ချက်ချင်းဆိုသလို ရေချိုးခန်းမှ အရိပ်နက်လေးဆီသို့ ဖြတ်ခနဲရောက်သွားပြီးနောက် ငေးခနဲဖြစ်သွားရသည် ။ရှည်သွယ်ပျော့ပြောင်းသော ဆံသားရှည်များမှာ ပုခုံးထက်၌ နေရာယူနေကြပြီး မတိုးအရှည်မညီသော နှဖူးထက်မှ ဆံသားငယ်များက ထိုပုဂ္ဂိုလ်ငယ်အား ကြည့်လို့မရိုးနိုင်ဖြစ်နေတော့သည် ။
မျက်နှာထက်၌ ထင်းရှင်းချွန်ထွက်နေသည့် နှာတံတို့က တစ်ချက်ကြည့်ရုံနှင့် မြတ်နိုးပြစ်ချင်စရာကောင်းလွန်းသည် ။
မသိလျှင် ၊ အမှတ်တမဲ့ကြည့်လျှင် မိန်းကလေးဟုပင်ထင်နိုင်သော်ငြား ရှည်လျားသောအရပ် ၊ တောင့်တင်းသောကိုယ်က ယောကျာ်းတစ်ယောက်ဖြစ်ကြောင်း သက်သေတည်နေသည် ။
သဘက်ဖြူလေးကိုင်ထားသော ထိုကောင်ငယ်လေးအား ငေးနေရင်း ကုတင်ထက်မှ ကောင်လေးမှာ အသက်ရှူမှားတော့မတတ်ပင် ။" ဘာကြည့်တာလဲ "
စကားသံနှင့်တစ်ထပ်တည်း အနွယ်တော့်မျက်နှာပေါ်သို့ ပြေးကပ်သွားသော မွှေးမွှေးပျံ့ပျံ့သဘက်ဖြူတစ်ထည် ။
သဒ္ဒါသည် ပုံမှန်အတိုင်း တစ်ယောက်အိပ်မွေ့ယာလေးကို သေသေသပ်သပ်ခင်းကျင်းလိုက်သည် ။
ခင်းကျင်းပြင်ဆင်အပြီးမှ အနွယ်တော်သည် လက်ထဲမှ စာအုပ်ကိုပိတ်ချလိုက်ပြီးနောက် မွေ့ယာကျင်းကျင်းထက် ဝင်လှဲလိုက်သည် ။
VOCÊ ESTÁ LENDO
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...