မိုးပြေးစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း

586 52 0
                                    

[ မိုးပြေးစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]

နေရောင်ကင်းသော ကောင်းကင်၌ မိုးတို့သည် အုံ့မှိုင်းဆိုင်းလို့နေပြီး ဆူးချွန်လိုမိုးစက်များက တပေါက်ပေါက်ရွာကျနေသည် ။
ထိုဆူးချွန်များသည် ကိုယ်ပေါ်သို့ထိရောက်ချိန် တွင်နာကျင်ရသည်မဟုတ်ပါဘဲ ရင်တစ်စုံ၏ တစ်ထောင့်တစ်နေရာက အလိုက်တသိ စူးနစ်နာကျင်မှုမျိုးကို ဖြစ်ပေါ်စေသော ဆူးချွန် ။

မြေသိပ်ခဲ့ဖူးရာ မြေနီလမ်းသည် ယခုမိုးကြောင့် ဘွက်လုံးလည်နေပြီး စက်ဘီးလေးဖြတ်နင်းလိုက်တိုင်း မြေနီစက်များက ကိုယ်ကိုပြန်သို့ ပက်လာသည် ။
မည်သို့မည်ပုံလဲတတ်သည်ဟု သတိပေးခံခဲ့ဖူးသော တောင်ဆင်းလမ်းကို ဘရိတ်မဖျစ်ဘဲ ထိုးချလာခဲ့သည်မှာ နိုင်ငံခြား action ကားများထဲကဇာတ်ကောင်လိုပင် ။

ကလုံးကလုနှင့်လမ်းကို တောင်ပေါ်မှကျောက်ခဲတစ်လုံးလိမ့်ဆင်းလာသကဲ့သို့ စီးနှင်လာသော ဘားတန်းစက်ဘီးလေးသည် လမ်းမကြီးမရောက်ခင်တွင် ညာဘက်လမ်းသို့ ချိုးကွေ့ဝင်သွားသည် ။
မိုးကာပါးအောက်မှ ဝိုင်းစက်သောမျက်ဝန်းများသည် စူးရှနေခဲ့ပြီး စိတ်အားထက်သန်မှုသည်လည်း အပြည့်ရှိသည် ။

ဇွန်ပန်းပြောလိုက်သည့်အတိုင်း တောင်ကျရေတို့က ဒလဟောရယ်မို့ တော်တော်နှင့် ခရီးကမတွင်ချင် ။

ကံကောင်းစွာပင် ခြံခင်းများနားရောက်သည့်အခါ မိုးသည် အလာကလောက် အရမ်းအုံ့မှိုင်းမနေတော့ပါဘဲ သည်းတော့သည်းသေးသည် ။
ဂွင်းထိုးဖိနပ်အနက်လေးပေါ်မှ ခြေဖမိုး ဖြူဖြူလေးများပေါ်သို့ မိုးစက်မိုးပေါက်တို့က အေးစက်စွာ စီးကျလာကြသည် ။

ပင်မလမ်းမထက်ပိုကျင်းသော ပိုကြမ်းသော ခြံခင်းလမ်းများကြောင့် အနွယ်တော်စက်ဘီးကို ထိန်းနင်းနေရသည် ။
ပတ်ပတ်လည်တွင် ခြံခင်းများသာရှိနေပြီး ဘယ်ဘယ်အရပ်ဆီမှာမှ လူရိပ်လူယောင်ပင်မတွေ့ရချေ ။

" သဒ္ဒါ!  သဒ္ဒါရေ.... ''

မိုးသည်းထဲ၌ စက်ဘီးကိုသေချာထိန်းနေရင်းမှ သဒ္ဒါကြားစေရန် အသံကိုမိုင်ကုန်အော်ခေါ်လိုက်သော်လည်း ခြံခင်းထဲမှတိတ်ဆိတ်သောတုံ့ပြန်မှုသာပြန်ရလာခဲ့သည် ။

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora