[စက္ကူပန်းခြောက်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း ]

413 11 0
                                    

[စက္ကူပန်းခြောက်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း ]

ဘေးရှိ အဖြူလုံးလေးငြိမ်ကျသွားသည်မို့ သဒ္ဒါတစ်ချက်စောင်းငဲ့ကြည့်လိုက်သည့်အခါ နှစ်တောင်လောက်ဆူထွက်နေသည့် နှုတ်ခမ်းနီနီနှင့်မျက်စောင်းလှလှက စိတ်ဆိုးသွားကြောင်း သက်သေပြလာသည် ။
ကိုယ့်၏အနေအေးသော ဂျစ်ကန်ကန်ပင်ကိုယ်စရိုက်ကြောင့် ပြန်ပြောစကားမဆိုမိသည်ကို စိတ်ဆိုးမှန်းသိသော်ငြား သဒ္ဒါ အနွယ်တော်စိတ်ဆိုးပြေရန်မည်သည့်စကားဆိုရမည်မှန်းမသိချေ ။
သေးငယ်သည့် နုံအအဦးနှောက်အား ခပ်မြန်မြန်အလုပ်ပေးပြီးသည့်နောက် တစ်ပါးသူအား ပထမဆုံးအကြိမ် ကိုယ့်ဘက်မှအောက်ကျို့စွာမေးလိုက်ခြင်းဖြစ်သည် ။

" ထမင်းစားပြီးပလား "

မစပ်မဟပ်စွာ မေးလာသောစကားကြောင့် အနွယ်တော် ရယ်ရခက် ၊ ငိုရခက်ဖြစ်သွားရသလို နှုတ်ခမ်းကိုလည်း နှစ်တောင်လောက်ပိုဆူမိသည် ။

" တခြားမေးစရာမရှိဘူးလား "

အနွယ်တော်သည် တစ်ချောင်းစီရှင်းထင်းနေသော ဇင်ယော်တောင်မျက်ခုံးလေးများကို ပင့်ကာ မေးလိုက်တော့ သဒ္ဒါကစဉ်းစားသယောင် မျက်မှောင်လေးတစ်ချက်ကျုံ့၍ တစ်နေရာတည်းသို့စူးစိုက်ကြည့်နေသည် ။
ထို့နောက် တစ်ခုခုအားသိသွားဟန်ဖြင့် အနွယ်တော်အားလှည့်ကြည့်ကာ စကားတစ်ခွန်းပြောလာသည် ။

" နေကောင်းတယ်မလား "

" နေကောင်းလို့မင်းနဲ့တူတူဒီမှာထိုင်နေနိုင်တာပေါ့ကွ သဒ္ဒါ မင်းမှာစကားပြောဖို့သူငယ်ချင်းမရှိဘူးလား "

အနွယ်တော်မေးလိုက်တော့ သဒ္ဒါကခေါင်းရမ်းပြလာသည် ။
သို့သော် ဘာစကားမှတော့ဆက်မဆိုချေ ။

" ဒါဆို ငါတို့သူငယ်ချင်းလုပ်ရအောင်လေ သဒ္ဒါ "

ခေါင်းငုံ့ထားသော သဒ္ဒါ၏မျက်ဝန်းရှေ့ ခေါင်းလေးတိုးဝင်ရင်း သွားစွယ်များပေါ်သည်ထိ ပြုံးပြကာမေးလိုက်တော့ သဒ္ဒါကခေါင်းငြိမ့်ပြလာသည် ။

" ဟင့်အင်း! ပါးစပ်ကပြော "

ခေါင်းငြိမ့်လက်ခံခြင်းကို ငြင်းဆန်၍ ပါးစပ်မှပြောခိုင်းသည့်အခါ သဒ္ဒါက စိတ်မရှည်ဟန် မျက်ခုံးများတွန့်ချိုးလိုက်သည် ။
သို့သော် အနွယ်တော်လည်း အလျှော့မပေးချေ ။
မွေးကတည်းက သူလိုသည်ကို ချက်ချင်းရနိုင်သည့်ဘဝမို့ အနွယ်တော် သဒ္ဒါ နဲ့တော့ မရှုံးချင်ချေ ။

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora