[နှစ်ပတ်လည်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
ချစ်သော ချယ်ရီ၏ ဖြူဖွေးဖွေး ပွင့်ချပ်များက မြေပြင်အနှံ့အပါအဝင် တစ်ဦးတစ်ယောက် ၏ ရှည်လျားသေသပ်သော ဆံသားများတွင်ပင် ကပ်ညှိနေသေးသည် ။
နားလည်ရခက်စွာ ကြည့်လာသော အကြည့်များတွင် ညှိတွယ်ကပ်ညှိနေသော ခိုင်မာသည့် စိတ်တ္တဇကြိုးလေးတစ်ချောင်းက မြဲမြန်စွာ ။
တက်ကြွသောဟု မဆိုနိုင်သော တိကျမြန်ဆန်သည့်ခြေလှမ်းများဖြင့် လျှောက်လှမ်းလာသူသည် တစ်ဖက်လူ၏ နှလုံးသားငယ်အား ကြိုးဖြင့်တင်းတင်းကြပ်ချည်နှောင်ထားသည့်နယ် ။
ဖြိုးဖျာကျနေသော နေရောင်အောက်တွင် တောက်ပနေသည့် တောင်ပံမပါသော နတ်ဘုရားတစ်ပါးက အမျိုးအမည်မသိနိုင်သော အရောင်အဝါတစ်ချို့ဖြင့် အမြင်ကို ဆွဲငင်သည် ။လည်ပြန်ကြည့်ရလောက်အောင်ထိ မလှသော်ငြား အစိတ်အပိုင်းတစ်ခုစီတိုင်းသည် မူးရစ်စေသော ဆေး ။ ထိုမှ နစ်မြုပ်စေသော အဆိပ် ။
နှစ်လံအကွာတွင် ရပ်နေသော လူသားနှစ်ယောက် ။ တူညီသော ကိုယ်ခန္တာအနေအထားနှင့် ပြောင်းလဲမသွားသော ချောမောခြင်းများနှင့် ထိုလူနှစ်ယောက် ။
တိုးတိတ်နေမှုများကပင် ကျယ်လောင်သော ညှိတွယ်မှုမျိုးလို နှစ်ဦးသား တစ်ယောက်မျက်နှာကို တစ်ယောက်စေ့စေ့ကြည့်ရင်း ရပ်တန့်ပြစ်မိသည် ။
ထို့နောက် သဒ္ဒါသည် ရှည်သွယ်ဖြောင့်စင်းသော သူ၏ဆံသားများကို လက်သွယ်သွယ်ဖြင့် တစ်ချက်ဆွဲသတ်ကာ အနွယ်တော့်အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။စာသင်ခန်းထဲသင်ဖူးသော လျှပ်စစ်ဟူသည့် စီးကြောင်းများဖြတ်သန်းသွားသည့်အလား တုန်ရီသွားမှုကြောင့် အနွယ်တော် အသိပြန်ကပ်နိုင်တော့သည် ။
" အဟမ်း.......!! "
အနေရခက်စွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး အနွယ်တော် ရှက်ပြုံးလေးပြုံးလိုက်မိသေးသည် ။
" ဆံပင်ရှည်နဲ့တကယ်လိုက်တာပဲ "
ချီးကျူးစကားဆိုရင်း သဒ္ဒါ့နားသို့ တိုးကပ်သွားလိုက်သည် ။
ČTEŠ
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...