လေပြေသွေးမှမုန်တိုင်းသို့

203 7 0
                                    

[ လေပြေသွေးမှမုန်တိုင်းသို့]

" ကားရပ်ပေးလို့! "

ရှည်လျားသော ကားလမ်းမပေါ်မှ ကားဖြူဖြူလေးထဲတွင် ဟိန်းထွက်လာသော အော်သံတစ်ခု ။

" မရပ်ပေးနိုင်ဘူး! နင်နဲ့ ဟိုကလေကဝ သဒ္ဒါဆိုတဲ့ကောင်နဲ့ ဖြစ်ပျက်နေတာကို ငါတစ်သက်လုံးထိုင်ကြည့်မနေနိုင်ဘူး "

မိခင်မှထံ ထင်မထားခဲ့သော ရုပ်ရင်းကြမ်းတမ်းသည့် စကားလုံးတစ်ချို့ ။
အကုန်လုံးသိသွားကြပြီ ကိုနားလည်လိုက်သည် ။

သို့သော် ထိုသည်ကို အနွယ်တော် စိုးထိတ်မသွားခဲ့ပါ ။

သူသည် အစကနဦးကတည်းက သဒ္ဒါ့အား နှစ်ဖက်မိဘများ အသိပေး၍ ပွင့်လင်းစွာနေထိုင်ချင်ခဲ့သည်။
သို့သော် ယခုကဲ့သို့ သိစေချင်ပုံမျိုး မဟုတ်ခဲ့ ။

သူ သဒ္ဒါ့အား မိဘများ၏လိုလိုချင်ချင်ပုံစံဖြင့် မြတ်နိုးချင်ခဲ့သည် ။
ထိတ်ခနဲ ပြာဝေသွားသော စိတ်များကို ပြန်လည် တည်ငြိမ်လိုက်ပြီးနောက် အနွယ်တော် ဆက်ပြောလိုက်သည် ။

"ဘာလို့လဲ ကျွန်တော် သဒ္ဒါ့ကိုမြတ်နိုးမိတာ အိမ်စီးပွားရေးပျက်သွားသလား ။ ကျွန်တော် သူ့ကို မြတ်နိုးမိတာ ကျွန်တော့်ဘဝ လမ်းဘေးရောက်သွားသလား ။ ကျွန်တော့်အသက်သေသွားသလား "

နှုတ်ခမ်းထောင့်စွန်းဆီမှ လက်သီးဒဏ်ကြောင့် ကျလာသောသွေးများကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်တိုက်လိုက်ရင်း အသံကုန်အော်ဟစ်ပြောဆိုမိသည် ။

"မင်းအသက်မသေပေမယ့် မင်းအပေါ်စိုးရိမ်ရလွန်းလို့ ငါဖြင့်သေတော့မယ် "

အနွယ်တော်၏မိခင်က အနွယ်တော် တစ်ခါမျှ မမြင်ဖူးခဲ့သော ပုံစံဖြင့် ရှိုက်သံများထွက်ကာ အော်ပြောသည် ။

" ဘာလို့စိုးရိမ်နေတာလဲ! ကို့သားသမီးကိုစိုးရိမ်တာနဲ့ပဲ တခြားသူရဲ့သားသမီးကို ရိုက်နက်လိုက်ရသလား ဟမ်! သဒ္ဒါ့ကို နှိပ်စက်ရသလား အမေ "

အနွယ်တော်က လက်ဖဝါးနှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ ခပ်ကြမ်းကြမ်းပွတ်တိုက်သည် ။

မောင့်သဒ္ဒါ(complete)Onde histórias criam vida. Descubra agora