[ August လတွင်ပို့သောစာ]
တဖြိုက်ဖြိုက်ရွာသောမိုးသည် နေ့စဥ်ရက်စက်ရွာလာပြီးနောက် သုံးရက်ကြာသည်အထိ မိုးသည် မပြတ်သေးချေ ။
ထိုမိုး၏ရလဒ်သည်တော့ ရေမြောင်းများရေလျှံခြင်းပင် ။
အမှိုက်ရောနေသော မြောင်းရေများသည်ခြံပတ်လည်တွင် အိုင်နည်းနည်းလျှံကျလာပြီးနောက် ခြံစပ်မှ စံပယ်ရုံလေးမှာ အမှိုက်ရေများကြား ငုတ်ချည်ပေါ်ချည်ဖြစ်နေတော့သည် ။
" မုန်းတိုင်းဝင်နေတယ်ပြောတယ်ကွယ် ''
ဇွန်ပန်းသည် နွားနိုးတစ်ခွက်ကို အနွယ်တော်၏စာဖတ်ခန်းစားပွဲပေါ်သို့တင်ပေးပြီးနောက် ပြောလိုက်သော စကားဖြစ်သည် ။
" ဥသြကို ကားပြင်ခိုင်းထားလိုက်ပါ ဆေးရုံသွားရအုန်းမယ် "
စာဖတ်နေသော အနွယ်တော်၏မျက်ဝန်းများကငြိမ်သက်နေပြီး ရာသီဥတုမကောင်းသည်ကိုပင် မမူပါဘဲ ဆေးရုံသွားရန် ပြတ်သားစွာ ဆုံးဖြတ်နေသည် ။
စာဖတ်ခန်းထဲရှိ အမှိုက်ဗုံးအား သိမ်းနေသော ဇွန်ပန်း၏ လက်များရပ်တန့်သွားပြီးနောက် အနွယ်တော့်အားလှည့်ကြည့်လာသည် ။" မသွားပါနဲ့လားကွယ် ရာသီဥတုမကောင်းဘူးလေ ဒုဆေးရုံအုပ်ကိုစိတ်ချထားလို့ရပါတယ် "
ဇွန်ပန်းသည် နံမည်နှင့်လိုက်အောင် စိတ်နေစိတ်ထားအေးချမ်းပြီး လေပြေအေးလေးနှင့်သာ ဖြောင့်ဖျသည် ။
သို့သော် ထိုစကားကြောင့် အနွယ်တော်၏ ကြည်စင်သော မျက်ဝန်းညိုတို့သည် ဇွန်ပန်းထံသို့ ဒိုင်းခနဲရောက်သွားပြီးနောက် စူးစိုက်ကြည့်လာသည် ။" ရာသီဥတုဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်တော် တာဝန်မမဲ့ချင်ဘူး ။ အသက်ငယ်ငယ်လေးနဲ့ဆေးရုံအုပ်လုပ်နေလို့ ဝိုင်းပြောနေကြတဲ့ share ရှင်တွေရှိတယ် ။ ကျွန်တော် တစ်ချက်လွဲတာနဲ့ တောက်ချဖို့ပြင်နေကြတာတွေလေ ''
ထို့နောက် အနွယ်တော်၏ ကြည်စင်သောမျက်ဝန်းညိုများမှာ စားပွဲရှိ စာမျက်နှာထံသို့ပြန်ရောက်သွားသည် ။
ဇွန်ပန်းသည်တော့ အနွယ်တော့်အားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည် ။
ငြိမ်သက်နေသောရေပြင်နှယ် ဗလာကျင်းနေသော အနွယ်တော်၏မျက်ဝန်းညိုများကို ကြည့်ရင်း ဇွန်ပန်း အနွယ်တော့်အနားသို့ တိုးကပ်လာလိုက်သည် ။
ВЫ ЧИТАЕТЕ
မောင့်သဒ္ဒါ(complete)
Любовные романыတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...