အိမ်မက်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း

482 48 1
                                    

[အိမ်မက်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]

တိုက်နှစ်လုံးကြား လမ်းကျင်းလေးထက်ရှိ ပျော့အိနံစော်သော ကမုကထစ်မြေပေါ်သို့ သဒ္ဒါဆောင့်တွန်းခံလိုက်ရပြီးနောက် တောင်းတင်းသော လက်စစ်များဖြင့်ခြံရံသည့်လက်သီးချက်များက မညှာမတာကျရောက်လာတော့သည် ။

ပါးစပ်ဇောင်းနား၏နာကျင်ကျင်သက်ရောက်မှုက ပါးစပ်တွင်းထိ ညှီစို့စို့သွေးနံ့ကိုရသည်အထိ ဆက်တိုက်ထိုးခံနေရဆဲပင် ။

တစ်ချက်တစ်ချက် ဆောင့်ကန်လိုက်သော ခြေထောက်များကြောင့် ဝမ်းဗိုက်မှာ အောင့်သက်နေတော့သည် ။
လူအင်အားမမျှသည်မို့ ခံပေအုန်းဟု စိတ်ထဲကြိတ်တေးထားရင်း အံကိုကြိတ် လက်သီးကိုဆုပ်၍ တင်းခံထားလိုက်သည် ။

ထိုစဥ် လဲကျနေသော သဒ္ဒါ့အား မြှောက်ပင့်စည်းနောင်ထားသော ဆံနွယ်ရှည်များမှ ကျစ်ကျစ်ဆုပ်ကိုင်ကာ ဆွဲထူခြင်းကိုခံလိုက်ရသည် ။

" လီးမို့လို့ မင်းကသစ္စာဖောက်တာလား ဟမ့်! "

သွေးစို့နေသော သဒ္ဒါ၏ပါးမို့မို့ရဲရဲအား လက်မဖြင့် ထပ်ဖိဖျစ်ညှစ်ကာ မေးလိုက်တော့ သဒ္ဒါ သည်းမခံနိုင်၍ အော်သည်းမိသည် ။

" နာတတ်သလား နာရမှာကြောက်ရင် ဘာလို့စောက်ကမျင်းကြောထသလဲ "

အနည်းငယ်ဖူးဖောင်းလာသော မျက်သားများကြောင့် သဒ္ဒါ မျက်စိကိုအတင်းအားယူဖွင့်ကြည့်လိုက်တော့ ပေစောင်းစောင်းမျက်နှာပေးနှင့် အကုသိုလ်ကောင်ကိုမြင်ရတော့သည် ။

" အဟက်!  မင်းလိုဖြုတ်ဦးနှောက်နဲ့ကောင်နောက်ကလိုက်ရတာမကြိုက်လို့ ကိုယ့်လမ်းကိုဖောက်တာလေ ဘာလဲ မင်းထက်ကျောသွားမှာကြောက်လို့လား "

ခနဲ့သောစကားလုံးများအဆုံး မျှော်မှန်းထားပြီးသား လက်သီးချက်များက ရင်ဘတ်တစ်နေရာလုံးသို့ ချွင်းချက်မရှိကျရောက်လာသည် ။
အနောက်မှ ဆံပင်ကိုဆောင့်ဆွဲကိုင်ထားသော ကောင်ကြောင့် ခေါင်းတစ်ခုလုံးလည်းနာကျင်ကိုက်ခဲနေတော့သည် ။

အလူးလူးအလဲလဲဖြစ်နေသော အခြေအနေတွင် ကြားလိုက်ရသော အော်သံတစ်ခုက သဒ္ဒါ၏ယခုအခြေအနေမှ လွတ်လမ်းဖြစ်ခဲ့သည် ။

မောင့်သဒ္ဒါ(complete)Tempat cerita menjadi hidup. Temukan sekarang