အမှတ်တရထဲမှ အမှတ်တရများ

495 43 0
                                    

[ အမှတ်တရထဲမှ အမှတ်တရများ]

ပျံဝဲနေသော စွန်ကိုမော့ကြည့်ရင်း သဒ္ဒါက သက်ပြင်းမောတွေအသွင်သွင်ချသည် ။
သို့သော် မနီးမဝေးမှ အနွယ်တော်ကိုတော့ မမြင်ချေ ။

" သဒ္ဒါရေ....."

ခေါ်သံတစ်ခု ။ မြတ်နိုးခြင်း ၊ လှိုက်ဖိုခြင်း ၊ တန်ဖိုးထားခြင်းများရောယှက်ပါဝင်နေသော ခေါ်သံတစ်ခု ။

သဒ္ဒါ လှည့်ကြည့်လိုက်တော့ လက်ကိုလေထဲတွင်ဝေ့ပြရင်း ပြုံးပြလာသော သူ၏နှစ်ယောက်မရှိသည့်အနွယ်တော် ။
ခပ်သုတ်သုတ်လေးပြေးလာသော အနွယ်တော်က ကောင်းခြင်းနတ်မြင်းများနှင့်တူသည် ။

ထက်မြက်သည် ။ သွက်လက်သည်။ သဒ္ဒါ့အားပျော်စေသည် ။

" ဘာတွေလုပ်နေတာလဲ "

အပြေးလေးရောက်လာသော အနွယ်တော်က သဒ္ဒါ့ဘေးဝင်ရပ်ရင်း မေးလိုက်သည် ။

" မင်းမမြင်ဘူးလား "

သဒ္ဒါက ရစ်ဘီးမှကြိုးကိုတင်းရင်း ခပ်ဆတ်ဆတ်သာပြန်ဖြေသည် ။

" စွန်လွှတ်နေတာလား "

" အင်း "

ဘယ်လောက် အပေါက်ဆိုးဆိုးပြောချေပါ ။ အနွယ်တော်က အပြုံးအရယ်မပျက် စကားတွေပြောနေဆဲပင် ။
မတိမ်းမယိမ်းခန္တာကိုယ်ရှိ ယောကျ်ားလေးနှစ်ယောက်သည် တောင်စောင်းမြက်ခင်းစိမ်းများပေါ်တွင် ယှဥ်တွဲရပ်ရင်း ကောင်းကင်မှစွန်ကိုမော့ကြည့်နေကြသည် ။

" စွန်လွှတ်ရတာပျော်လား သဒ္ဒါ "

" အင်း စွန်လွှတ်ရတာပျော်တယ် စွန်ကြိုးလေးပြတ်တောက်သွားရင် ငါ့ရဲ့ကံမကောင်းခြင်းတွေလည်း ပါသွားတယ်လို့ယုံတယ် "

သဒ္ဒါက စိတ်ရှည်လက်ရှည်ရှင်းပြလာသည် ။
အေးစက်စက်လေပြေများက ဆံသားများကိုပွတ်သတ်တိုက်ခတ်သွားသည် ။

" စွန်လေးက လေထဲဝဲနေတာပဲ ။ ဟယ်...ဟယ် ပျက်သွားပြီ "

ပြောရင်းဆိုရင်းပင် လေထဲမှ စွန်လေးမှာ ​ကြိုးတင်းလွန်း၍ ပြတ်တောက်သွားပြီး အဝေးတစ်နေရာသို့ လွင့်သွားသည် ။
စွန်ကြိုးပြတ်သွားသည်ကို ဝမ်းနည်းနေသော အနွယ်တော်နှင့် ပုံမှန်အတိုင်းရစ်ဘီးကို သေချာသိမ်းနေသော သဒ္ဒါ ။

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora