[ အတိတ်ထဲမှ အတိတ်ဆိုးများ]
အနွယ်တော်နှင့်မခွဲခွာရမှီ နှစ်လအလို ဇူလှိုင်လတွင်ဖြစ်သည် ။
လ သာသောည ။ ဖြူဖွေးဝင်းပနေသော လရောင်အောက်ရှိ သဘော်တစ်စီးပေါ်တွင် ပန်လ်ဆယ်ဂိုဏ်းသားများက ပစ္စည်းများစစ်နေကြသည် ။
မှောင်မဲနေသော ညနက်သည် လျှို့ဝှက်အလုပ်များလုပ်ရဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်သည် ။
ကျောက်စရစ်များသယ်လာသော ထိုသဘော်အတွင်းထဲတွင်တော့ ဆယ်ယောက်ခန့်ရှိသော လူများသည် အထုပ်တစ်ထုပ်ချင်းစီကိုဖွင့်ကာ ပစ္စည်းများစစ်နေကြသည် ။" အကုန်စုံတယ် ဆရာ "
ထိုအထဲမှ ကောင်လေးတစ်ယောက်သည် သဘော်ကုန်းပတ်ပေါ်၌ ဆေးလိပ်သောက်နေသော သဒ္ဒါ့ဆီသို့ အပြေးလေးသွားကာ အကြောင်းကြားသည် ။
" အကုန်ဆိုတာက "
" ဆေးရော လက်နက်ရော နောက်ပြီး ဆေးစိမ်ထားတဲ့ ကလီစာတချို့ရောပါ ဆရာ ''
" အင်း! အသက်ကယ်သဘော်ပေါ်ကိုတင်ပြီး သွားတော့! မနက် ၅နာရီကို ပစ္စည်းထားတဲ့စခန်းရောက်အောင်သွား တစ်ခုခုလွဲကုန်ရင် အကုန်ငရဲရောက်ကုန်မယ် သွားတော့ ! "
သဒ္ဒါ့စကားအဆုံး ထိုကောင်လေးက ခေါင်းငိမ့်အသိမှတ်ပြုပြီးနောက် သဘော်..ဝမ်းထဲသို့ပြန်ဝင်သွားသည် ။
ခဏမျှအကြာတွင်တော့ ပစ္စည်းများအားလုံး ထုပ်ပိုးကာ သဘော်...အသေးလေးနှင့် လွှတ်လိုက်ပြီးနောက် သဒ္ဒါနှင့် သူ၏လူယုံတစ်ယောက်သည်တော့ ဝယ်လက်နှင့် ငွေပေးချေရင်းကျန်ခဲ့သည် ။အတန်ကြာ စကားပြောနေချိန်မှာပင် သဘော်တစ်ခုလုံးအား ရဲအုပ်စုက ဝိုင်းတာကိုခံလိုက်ရသည် ။
တဝီဝီမြည်ကာ အပြာရောင်အနီရောင်ရောနေသော မီးသီးများက သဒ္ဒါ့အတွက်တော့ အတော်ကိုအမြင်ကပ်စရာပင် ။ချက်ချင်းသဒ္ဒါတွေးမိသည်က ဒီအရပ်မှ မည်သို့ လွှတ်အောင်ပြေးရမည်နည်းပင် ။
" ရပ်လိုက် "
သေနတ်တစ်လက်ကို ဟန်ပြကိုင်ထားသည့် ရဲတစ်ယောက်က သဘော်..ဝမ်းထဲသို့ ဝင်လာချိန်မှာပင် သဒ္ဒါနှင့်အတူ သူ့လူယုံပါ တွေ့ရာ အပေါက်မှ တဟုန်ထိုး ခုန်ချလိုက်သည် ။
အရှိန်ဖြင့်ခုန်ချလိုက်သည်မို့ ကျောက်ဆောင်နှင့်ပြေးဆောင့်မိသော မျက်နှာမှာ ရစရာမရှိအောင်ပင် ။
ထူပူကြိမ်းစပ်နေသော ခန္တာကိုယ်ကို လျစ်လျှူရှူကာ ရေထဲမှ ငုပ်လျှိုး၍ အနည်းငယ်ကွာဝေးသော ကမ်းစပ်ဆီသို့ ။
ရေဘောင်ပေါ်ပြန်ရောက်သည့်အခါ သဒ္ဒါပက်လက်အသာလှဲချရင်း သက်ပြင်းမောကိုချလိုက်သည် ။
ESTÁS LEYENDO
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...