သဒ္ဒါရှိသော အရိပ်အမြုံ

1K 64 4
                                    

[ သဒ္ဒါရှိသော အရိပ်အမြုံ]

အေးမြမြထိုမနက်ခင်းတွင် သဒ္ဒါတစ်ယောက် စိတ်လှုပ်ရှားနေခဲ့သည် ။

" သဒ္ဒါ "

" ဟင်! "

" လက်သည်းတွေမကိုက်နဲ့လေ "

" အော်...အင်းး"

စိတ်လှုပ်ရှားလွန်း၍ လက်သည်းကိုက်မိသည်က ဆရာဝန်တစ်ယောက်ရှေ့တွင်ဖြစ်နေလေတော့ အမန်ခံရပြန်သည် ။
သဒ္ဒါ့ရင်တွင်း၌ နွေဦးလေပြေများက တတိတိဖြတ်တိုက်နေသလိုလို ။
ကွင်းပြင်ကျယ်မှ လိပ်ပြာတွေဟာ ရင်ဘတ်တွင်လာရောက် နားခိုနေသလိုလို ။
အရာရာဟာ ကသောင်းကနင်းဖြစ်နေခဲ့သည် ။

" သဒ္ဒါ....."

" ဟင် "

" စိတ်လျှော့ထားပါ ။ ထွေထွေထူးထူးလည်းမဟုတ်ပါဘဲနဲ့ "

ထိုအခါ သဒ္ဒါက ပြုံးပြရင်း ကုတင်ထက်မှထမည်ပြင်သည် ။

" မထနဲ့လေ နားနားနေနေ နေ မနက်ကို ခွဲစိတ်ခန်းဝင်ရအုန်းမှာ "

အနွယ်တော့်စကားကြောင့် သဒ္ဒါက ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည် ။

ထို့နောက်

" ဒေါက်...ဒေါက် "

တံခါးနှစ်ချက်ခေါက်ပြီးနောက် ဝတ်စုံအပြည့်နှင့်ကောင်လေးတစ်ယောက်က အခန်းထဲသို့ဝင်လာသည် ။

" ဆရာ "

" ဟေ! ဘာလဲ "

သဒ္ဒါက ကုတင်ပေါ်မှ ခေါင်းထောင်ကြည့်သည် ။

" အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်က ဆရာ့ကိုတွေ့ချင်လို့တဲ့ "

" ဟင် ယွန်းထင်တယ် ဝင်လာခိုင်းလိုက် "

ထို့နောက် သဒ္ဒါက ဆိုဖာတွင်ထိုင်နေသော အနွယ်တော့်အား အားကိုးတစ်ကြီးလှည့်ကြည့်ကာ မျက်နှာကို တည်လိုက်သည် ။

" ကိုကို "

အသံဟာညင်ညင်သာသာလေး ။
ကလေးငယ်လေးတစ်ယောက်၏လက်ကိုဆွဲကာ ဝင်လာသော လှပနေဆဲ သူမဟာ သဒ္ဒါ့ဘဝ၏ ရှင်သန်ရာတစ်ခု ။

" ယွန်း "

သဒ္ဒါထရန်ပြန်ချိန်မှာပဲ ယွန်းမြန်မာက ပြေးလာကာ သဒ္ဒါ့ကိုပွေ့ဖက်သည် ။
ဆံနွယ်ရှည်လေးများကို စည်းနှောင်ထားသော သူမက ရိုးရိုးယဥ်ယဥ် ။

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora