ညနေခင်းဆည်းဆာရောင်က အလုံပိတ်ထားတဲ့ပြတင်းပေါက်အပြင်က အမြစ်ငုတ်တိုပဲကျန်ရှိတဲ့ ပန်းအိုးသုံးလုံးပေါ်ဖြာကျနေသည်။
ခပ်ဆွေးဆွေးရပ်တန့်နေတဲ့ နံရံပေါ်ကနာရီကလည်း ဘယ်ကတည်းကဓာတ်ခဲကုန်နေမှန်းမသိ ။ မဖွင့်တာကြာပြီဖြစ်တဲ့မီးလုံးတွေကကတော့ အဖြူသက်သက်ဖုန်တတ်လို့။ တိတ်ဆိတ်နေတဲ့စန္ဒယား၊ စာအုပ်စင်ပေါ်ကနာမည်ကြီး novelစာအုပ်တစ်အုပ်။
ဧည့်ခန်းရှိ နှစ်ယောက်ထိုင်သစ်သားထိုင်ခုံတစ်လုံးမှာ ဓားနဲ့ခြစ်ထားတဲ့ L စာလုံးနဲ့မှိန်ပျောက်နေပြီဖြစ်သောနောက်ထပ်English စာလုံးတစ်လုံး။ကြမ်းပြင်ပေါ်ကခြောက်ကပ်နေတဲ့သွေးစက်တွေက ဟိုတစ်စဒီတစ်စ။
အသက်ရူဖို့ အပေါက်တစ်ပေါက်တောင်မရှိတဲ့တိုက်ခန်းငယ်တစ်ခု၊ မီးရှို့ထားတဲ့ကျောက်မီးသွေးတွေ။ နောက်ပြီး တိုက်ရှေ့ လျှောက်လမ်းမှာ အခန်းငယ်ကိုကြည့်ပြီး ထိုးဟောင်နေတဲ့ခွေးတစ်ကောင် ။ပိတ်လှောင်နေတဲ့ အခန်းအတွင်း ပျံ့နှံ့လာတဲ့Carbon Monoxideဓာတ်ငွေ့ကို ရူရှိုက်ရင်းလဲကျနေတဲ့လူတစ်ယောက်ရဲ့ လက်ဖျံရိုးမှာ လက်တစ်လုံးမခြားတဲ့ ပြက်ရှဒဏ်ရာအမာရွတ်နက်နက်တွေလက်နှစ်ဖက်လုံးအပြည့်နှင့် ဦးခေါင်းထိပ်၌ ချုပ်ရိုးရာတစ်ခုကလည်းတည်ရှိနေပြန်။
မျက်လုံးတွေမှိတ်ဖို့ တစ်စင်တင်မီတာလောက်အလို ခေါင်မိုးပေါ်ကပင့်ကူမျှင်တန်းမှာဒန်းလွဲစီးနေတဲ့ ပင့်ကူတစ်ကောင်ကခပ်မဲ့မဲ့ ပြုံးပြတယ်။
ခန္တာကိုယ်ထဲရှိ သွေးနီဥတွေကOxygenထက် Carbonmonoxideကိုစုပ်ယူနေတဲ့အခါ၊ ဦးနှောက်နဲ့ နှလုံးက Oxygenအလုံအလောက်မရတော့တဲ့အချိန် Carbon Monoxideက ခန္တာကိုယ်ရှိပရိုတင်းနဲ့ပေါင်းစပ်ပြီး ဆဲလ်တွေကို စိတ်ရှိတိုင်း ဖျက်ဆီးနေလေတော့ပြီ ....။
လွတ်မြောက်ဖို့လက်တစ်ကမ်းအလို ။
မှောင်မဲနေတဲ့အခန်းအတွင်း ချိတ်ဆွဲထားတဲ့အဖြူရောင် chefဝတ်စုံကမလှုပ်မယှက် ရင်ဘက်နေရာကချည်ထွင်းထားတဲ့ Lalisa Manobamဆိုသောနာမည်တစ်ခုကအထင်းသား။ငါ့ကိုယ်ငါလောင်ကျွမ်းပြာချပြီးနောက် ပျံတတ်သွားတဲ့ စိတ်ဝိဥာဥ်အဖြစ်ပြာငွေ့တွေ မင်းဘေးမှာ သံသရာအဆုံးထိမိန်းမောချင်ခဲ့မိတယ်။ ငါ့မှတစ်ကယ့်ကိုအဲ့စိတ်လေးတစ်ခုပဲကျန်ရှိနေခဲ့တာ ။