Part_ Twentynine

716 57 2
                                    

ဂျူရီဟာ တစ်လကျော်လောက်ဆေးရုံမှာဆေးကုခဲ့ရပြီးနောက်မှာအမေရိကသို့ တစ်ယောက်တည်းထွက်ခွာခဲ့တယ်။ဒါပေမယ့် ဂျူရီက သူမကိုမေ့ပစ်ဖို့တော့မကြိုးစားခဲ့ဘူး သူက သူလုပ်သင့်တာကိုပဲဆက်လုပ်နေခဲ့တာ။ ကျောင်းဆက်တတ်တယ်  အလုပ်ကိုအောက်ခြေကနေစဝင်တယ်။ ဂျုရီဟာ တစ်ကယ်ပဲအလုပ်ကြိုးစားတယ် သူ့ရဲ့အချိန်တိုင်းကို အိပ်ချိန်နဲ့စားချိန် အနည်းငယ်ကလွဲရင် အလုပ်လုပ်ခြင်းအပေါ်နှစ်မြုံ့ထားတယ်။
ဒါက နာယောင်းကိုမေ့လျော့သွားလို့မဟုတ်ဘူး။
မေ့လျော့လို၍သာဖြစ်တယ်။
နှစ်အချို့ကြာတဲ့အချိန်မှာတော့ ဂျူရီ အမေရိကားကစီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ သားနဲ့လက်ထပ်ခဲ့တယ်။ ကိုရီးယားက သူ့မိဘရဲ့လုပ်ငန်းတွေမှာရှယ်ယာများစွာဝင်စေခဲ့ပြီး လုပ်ငန်းတွေကိုတိုးချဲ့တယ်။ ကိုယ်တိုင်ထုတ်လုပ်တဲ့အလှကုန်brandဟာလည်း အကြီးအကျယ်အောင်မြင်ခဲ့တယ်။
၂နှစ်လောက်ကြာတဲ့အချိန်မှာ ဂျူရီက Jennieကိုမွေးတယ် ၅နှစ်ထပ်ကြာပြီးတဲ့အခါမှာတော့ ယောကျ်ားဖြစ်သူနဲ့ တရားဝင်ကွာရှင်းခဲ့တယ်။  သူတို့ဘာကြောင့်ကွာရှင်းခဲ့လဲဆိုတဲ့ အကြောင်းကိုမိဒီယာတွေကမေးမြန်းခဲ့ပေမယ့် ဂျူရီက "ကျွန်မတို့ခြင်းဟာ ဘယ်တုန်းကမှမချစ်ခဲ့ကြလို့ပါ" လို့သာဖြေကြားခဲ့တယ်။
ဒီလိုနဲ့ ဂျူရီ အမေရိကမှာသာအလုပ်တွေဆက်လုပ်နေခဲ့ပြီး ၃နှစ်နေတော့ ကိုရီယားက ဂျူရီရဲ့ဖခင်ကသေဆုံးခဲ့တာကြောင့် companyကိုဆ
က်လက်ဦးစီးရန် ဂျူရီမဖြစ်မနေ ကိုရီးယားကိုပြန်ခဲ့ရတယ်။

ရေစက်တွေဟာ မကုန်သေးကြောင်း ကံကြမ္မာကငါ့ကိုတိုးတိုးလေးကပ်ပြောခဲ့တယ်နာယောင်း။

"ကင်ထယ်မင်း..တဲ့လား"

Desktop screenမှာပေါ်နေတဲ့ Profileတစ်ခုကို ဂျူရီကြည့်ရင်း မျက်ခုံးတွေတွန့်ချိုးတယ်။
သိပ်ရင်းနှီးလွန်းတဲ့ နာမည်ပဲ။

"သတို့သား ကင်ထယ်မင်းနဲ့ သတို့သမီးအင်နာယောင်း !!"

နားထဲမှာ စူးနေအောင်ပြန်ကြားယောင်လာတဲ့အသံ ။ ဂျူရီလက်တွေကိုတင်းတင်းဆုပ်ပြီး ရင်ဘက်ကိုဖိလိုက်သည်။

"ဆီအီးအိုဂျောင်း အဆင်ပြေရဲ့လား နေမကောင်းဘူးလား"

စိုးရိမ်စွာဖြင့် မေးလာတဲ့အတွင်းရေးမူးကောင်မလေးကို လက်ကာပြရင်း ဂျူရီရင်ထဲကစူးအောင့်နေတဲ့ နာကျင်မူ့ကိုတည်ငြိမ်အောင်ကြိုးစားသည်။

Polaride LoveWhere stories live. Discover now