"Lisa..! နင်တင်ထားတဲ့ transferကျလာပြီ"
Hotelသို့ရောက်ရောက်ချင်း အပြေးလာပြောတဲ့ Jacobရဲ့စကားမှာ Lisa စိတ်လိုလက်ရပြုံးသည်။ Jennieပြန်သွားပြီးပြီးချင်း Koreaကိုပြန်လည်ပြောင်းရွေ့ခွင့်တင်ထားခဲ့တဲ့၃လအကြာမှာ Transferကျလာခဲ့သည်။
San Fransciscoကနေ Californiaအထိနာမည်လည်းရနေပြီး အစစအရာရာအကုန်အဆင်ပြေနေပါလျှက်Koreaကိုပြောင်းချင်တဲ့Lisaကို အကုန်လုံးကနှမြောကြသည်။ အံ့သြကြသည်။ သို့သော်လည်းLisaကတော့အေးအေးလူလူပင် Koreaကိုပြန်ရန်တတ်တတ်ကြွကြွပြင်ဆင်နေသည်။"နင်တစ်ကယ်ကြီးပြန်တော့မှာလားLisa!"
အဝတ်တွေအိတ်ထဲထည့်နေတဲ့Lisaကိုကြည့်ပြီး အခန်းအဝကနေRosieကမယုံနိုင်သလိုပြောသည်။
"ငါ့ပုံစံကနောက်နေတဲ့ပုံပေါ်လို့လား"
"ဒါဆို ငါကဘယ်လိုလုပ်ရမှာလဲshitt..!"
"နင်ကကမ္ဘာပတ်နေတဲ့လူပဲ။ အဆင်ပြေတဲ့နိုင်ငံမှာနေပေါ့။ ဒါပေမယ့် ငါဒီအခန်းကိုတော့ နင့်အတွက်ဆက်ငှားထားပေးခဲ့မယ် San Fransciscoရောက်ရင် ဒီမှာနေပေါ့။ ဂရုလည်းစိုက် ဟိုအမျိုးသမီးနဲ့မတွေ့စေနဲ့ဦး"
မှာချင်တာတွေ မှာနေတဲ့Lisaကိုကြည့်ရင်း Rosieမျက်ခုံးတွေတွန့်ချိုးသွားသည် ။
ပြန်ခါနီး နည်းနည်းတောင်စိတ်မကောင်းဖြစ်တဲ့ပုံစံမရှိတဲ့Lisaကို Rosieသိပ်ဘဝင်ကျဟန်မရှိ။"ပြန်လာမှာလားLisa..!"
Rosie တည်ငြိမ်စွာပင်မေးသည်..။ Lisaက ပုခုံးနှစ်ဖက်ကိုတွန့်ပြပြီး အဝတ်အစားတွေကိုဆက်ထည့်သည်။
"နေပါဦး..! ချက်ချင်းကြီး Koreaပြန်ချင်သွားတဲ့အကြောင်းအရင်းကဘာလဲ"
Rosieက မေးဆက်၍တစ်ခုခုကိုထင်မြင်နေသလိုဟန်ဖြင့်မေးသည်။ Lisaရဲ့လှုပ်ရှားမူ့တွေခဏမျှငြိမ်ကျသွားပြီး Rosieကိုပြုံးကာကြည့်၍ဖြေသည်။
"ငါ့နှလုံးသားလေးသွားရှာမလို့..."
Rosieဘာဆက်ပြောရမှန်းမသိငြိမ်သွားသည်။ Lisaကတော့ လုပ်လက်စကိုဆက်လုပ်သည်။
Kim Jennieဆီမှာကျပျောက်သွားတဲ့နှလုံးသားကို Kim Jennieဆီမှာပဲသွားပြန်ရှာမည်။ ဒီ့အတွက်လည်း သူမကအခွင့်အရေးပေးခဲ့သည်မဟုတ်လား။