ဒီနေ့စာမေးပွဲစတင်တဲ့ရက်ဖြစ်သည်။
တစ်ကျောင်းလုံး တီးတိုး တီးတိုးနဲ့ပွက်ပွက်ညံ့နေသည်။ အကြောင်းအရင်းမှာတော့ Lalisa စာမေးပွဲလာမဖြေသည်ကြောင့်ပင်။
တစ်ယောက်လာ တစ်ခါမေးတဲ့Lisaဘာလို့စာမေးပွဲလာမဖြေတာလဲဆိုတဲ့မေးခွန်းတွေမှာ Jennieစိတ်တွေသာတစ်ရေးရေးတိုနေရသည်။Lalisa Lalisaနင်ဘာလုပ်ဖို့တွေးနေတာလဲ ရူးသွားပြီလား။ ဖုန်းကလည်းတစ်နေကုန်စက်ပိတ်ထားသည်ဖြစ်လို့ Jennie စာမေးပွဲပြီးတာနဲ့Lisaအိမ်ကိုလိုက်ချသွားသည်။
အိမ်ရောက်တော့လည်း Lisaမရှိ၊ Lisaအဖေနဲ့အမေကလည်း Lisaစာမေးပွဲလာမဖြေတာမသိ၊ အခုJennieလာရှာမှသိရသည်။ အမေက အတော်လေးစိတ်တိုသွားသည်မလို့ Jenရဲ့ စိတ်တိုနေမူ့ကိုပြန်လျော့ရင်း Lisaအမေကို ပြန်ဖြောင်းဖျခဲ့ရသေးသည်။Lisa....တွေ့မှနားရင်းကိုဖြတ်ရိုက်ပစ်ဦးမယ်။
စိတ်ရှိလက်ရှိကြိမ်းရင်း Jisoo Unnieဆီလှည့်ဝင်လိုက်သည်။
ကြက်ကြော်ဆိုင်ထဲမှာအလုပ်ရှုပ်နေတဲ့ Unnieအမေကမြင်မြင်ချင်းလှမ်းခေါ်လေသည်။"Jenလေး မလာတာတောင်ကြာပြီ။ စာမေးပွဲဖြေနိုင်လားသမီး"
"ဟုတ် အန်တီ ..ဟိုလေ ဒါနဲ့ ဒီကိုLisaလာသေးလားဟင်"
"အရင်နေ့တွေကတော့ လမ်းကြုံရင်ဆိုင်မှာဝင်ကူပေးတတ်တယ်။ ဒီနေ့တော့မလာသေးဘူးသမီး စာမေးပွဲရှိလို့ထင်တယ်"
"ကျစ်! Lalisa နင်ဘယ်တွေသွားနေတာလဲ"
"ဟင်! Lisa ဘာဖြစ်လို့လဲJen"
တစ်ယောက်တည်း တီးတိုးပြောလိုက်ပေမယ့် ကြားသွားတဲ့Unnieအမေက စူးစူးစမ်းစမ်းမေးလာသည်။
"ဟို Lisa စာမေးပွဲလာမဖြေလို့အန်တီ"
"ဘာ ...Lisaစာမေးပွဲလာမဖြေဘူး ဟုတ်လား"
အရှေ့ဘက်စွန်းစွန်းကပေါ်ထွက်လာသည့်အသံသည် Unnie၏ အသံဖြစ်သည်။
Unnieရဲ့မျက်နှာမှာစိုးရိမ်မူ့တွေတွေ့ရသည်။"ဟုတ်Unnie..Lisa စာမေးပွဲလည်းလာမဖြေဘူး အခုလည်း ဘယ်ရောက်နေမှန်းမသိလို့"
"ဖုန်းရောJen..ဆက်လို့မရဘူးလား"
"ဖုန်းလည်းဆက်ပိတ်ထားတယ်Unnieရဲ့"
