"ဘာ ...! ထယ်မင်းဆုံးပြီဟုတ်လား"
သတင်းကြားပြီးပြီချင်း မေ့လဲကျသွားတဲ့ နာယောင်းကို ဂျူရီပွေ့ယူလိုက်သည်။
နယ်ဘက်က စက်ရုံတွေကိုစစ်ဆေးရန်တာဝန်နဲ့ ထယ်မင်းခရီးသွားရင်း ကံမကောင်းစွာ လမ်းတွင် Accidentဖြင့်သေဆုံးခဲ့သည်။
နာယောင်း မှာအတော်လေးရှော့ရခဲ့ သည်။"စိတ်မပူပါနဲ့ နင့်ယောကျ်ားမရှိတော့ပေမယ့် ငါတစ်ယောက်လုံးရှိပါသေးတယ်၊ ငါနင်တို့သားအမိကိုတာဝန်ယူပါ့မယ်နာယောင်း"
ဂျူရီ ,နာယောင်းကိုပွေ့ဖက်နှစ်သိမ့်တော့ နာယောင်း ပထမဆုံးစငိုသည်။
အဲ့ဒီနောက်ပိုင်းမှာ နာယောင်းဆီသို့ ထယ်မင်းရဲ့အသက်အာမခံကြေး၊ ဝန်ထမ်းကောင်းတစ်ယောက်ဆုံးရှုံးရသဖြင့် companyဘက်မှ နစ်နာကြေး စသည်ဖြင့်ခေါင်းစဥ်အမျိုးမျိုးနဲ့ လစဥ်လတိုင်းငွေထောက်ပံ့မူ့များရှိလာသည်။
နာယောင်းအလုပ်ထွက်လုပ်မည်ဆိုတိုင်း ဂျူရီလက်မခံ ဘာအလုပ်မှမလုပ်စေလို အိမ်တွင်သာမပူမပင်ထားသည်။ နာယောင်းလည်း သမီးလေးကိုပြည့်ပြည့်စုံစုံ ထားချင်၍သာဒါတွေကိုလက်ခံခဲ့သည်။ ပညာရေးမှာထူးချွန်လွန်းသော Jisooဟာ ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့သည်။ ကျောင်းစရိတ်ကတဖြည်းဖြည်းကြီးလာသည်မလို့ နာယောင်းကြက်ကြော်ဆိုင်ဖွင့်ခဲ့ပေမယ့်လည်း ဂျူရီသိသည်နှင့် မကြာမှီမှာပဲပိတ်ခဲ့ရပြန်သည်။~~
ဆေးရောင်ခြယ်အတိတ်တွေအကြောင်း သိခဲ့ရတဲ့နေ့....
မိုးရေတွေစိုရွဲလာသည့်တိုင် အဝတ်မလဲနိုင်ပဲ Jisooမရပ်မနားငိုသည်။ တစ်ညလုံးအတွေးတွေနဲ့ ချာချာလည်နေသည်။
ငါဘာလုပ်ရမလဲ။
အန်တီဂျူရီရဲ့ စိတ်ဒဏ်ရာကြောင့်တော့ Jennieကိုသူချစ်တဲ့လူနဲ့မဝေးစေလို။ နောက်ပြီး အန်တီဂျူရီရဲ့စိတ်ဒဏ်ရာဆိုသည်ကလည်း မေမေ့ကြောင့်ရခဲ့ရတာမဟုတ်လား။ Jennieဟာ Lisaကိုချစ်နေသည်မှာကျိမ်းသေပြီ။ ဒါဆို Lisaကရော။
ပြီးခဲ့ပြီးသော အချိန်ကာလတွေမှာ Lisaရင်ထဲ Jennie တည်ရှိနေသည်ဆိုတာ လက်ခံရတော့မည်။
ဘယ်လိုပဲ သူငယ်ချင်းတွေဟုဆိုဆို Lisaရဲ့ စိတ်နှလုံးဟာ Jennieကိုသာလိုအပ်နေသည်လေ။
ဆရာဝန်ဖြစ်ဖို့ငြင်းဆန်သည်။ Jennieတတ်တဲ့ကျောင်းကိုလိုက်တတ်သည်။ အချိန်တိုင်း Jennieကိုသာရှာနေသည်။ အရင်က မဟုတ်ဘူးဟု အသိစိတ်ကငြင်းနေလည်း ယခုအခါတွင်လက်ခံရတော့မည်ဖြစ်သည်။
သူတို့ချင်းချစ်နေမှတော့ ကိုယ်ဟာဘေးထွက်လိုက်သင့်သည်။ အန်တီဂျူရီရဲ့ ဒဏ်ရာအတွက် Jennieကို ပြန်ပေးဆပ်ရမည်။