တစ်နေကုန် ဆေးရုံတွင်းပြေးလွှားနေခဲ့တဲ့ခြေထောက်တွေက တော်တော်နာနေခဲ့ပြီဖြစ်လ်ို့ Jisoo ..ဝတ်ဆင်ထားတဲ့ ကြည်ပြာရောင်ဒေါက်မြင့်ဖိနပ်လေးကိုချွတ်၍ ခြေထောက်ကိုနှိမ့်နယ်နေသည်။
"ဆရာမ..ခြေထောက်နာနေတာလား။ ရရဲ့လား ညီမဆေးလိမ်းပေးရမလား"
ပြာပြာသလဲနှင့်ပြောသည့် သူနာပြုလေးအားJisooလက်ကာပြလိုက်သည်။
"နေပါစေ။ ခုနကသွေးလှူရှင်ကောင်မလေးရောအဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်"
"အင်းလေ..ပြီးတော့မှသွားကြည့်လိုက်ပါဦးမယ်"
အဲ့ဒီPark Chaeyoungဆိုသောမိန်းကလေး။ သွေးလှူဖို့ဆိုပြီးအနားရောက်လာတဲ့သူမရဲ့အကြောင်းပြချက်ကသူမတမင်ရည်ရွယ်ထားသည်လား တွေးမိသည်။
ဒါမှမဟုတ် ကံကြမ္မာကပဲတမင်ရည်ရွယ်သည်လား။ အဝါရောင်တွေအကြောင်းတွေးမိတဲ့နေ့မှာပဲ ဖြူလွှလွှနှင်းတွေကြားမှာ တိုးဝှေ့ပြီးရောက်ရှိလာခဲ့တဲ့ အဲ့ဒီကောင်မလေးကိုလတ်တလောမှာစိတ်ထဲထားမိနေတာ ဘာကြောင့်လဲJisooမစဥ်းစားချင်။
ချစ်ခြင်းမေတ္တာဟာသိပ်စင်ကြယ်တယ် ဒါပေမယ့် အဲ့ဒီ့ချစ်ခြင်းတွေရဲ့အနားကိုတော့ဘယ်တော့မှထပ်သွားတော့မှာမဟုတ်။
ပြောရရင် LiLiနဲ့လမ်းခွဲပြီးခဲ့တဲ့အချိန်ကတည်းကနေ ကျောင်းတတ်တဲ့ကာလတစ်လျှောက်လုံးရော ဘွဲ့ရပြီးအခုဆရာဝန်ဖြစ်တဲ့အထိပါချစ်သူရည်းစားထပ်မထားဖြစ်ခဲ့။ ဘယ်သူ့ကိုမှထပ်ချစ်လို့မရတော့တာလို့ပြောရင်ပိုမှန်မည်။ အခုထိချစ်နေဆဲပါလို့မဆိုလိုပေမယ့် ဘဝမှာLiLiလောက်ဘယ်သူ့ကိုမှထပ်ချစ်ဖြစ်မှာမဟုတ်တော့ဘူး။အင်း ဒီစကားတွေကလည်းတစ်သတ်တာသိုဝှက်ထားမယ့်စကားတွေသာဖြစ်တယ်။ အချစ်ကို အချစ်ကြောင့်ပဲဥပက္ခာပြုထားခဲ့တဲ့ဖြစ်ရပ်တစ်ခုရယ်ပေါ့။ဆောင်းဦးရဲ့ တိမ်အပိုင်းအစတွေပျံလွှင့်နေတဲ့ညနေခင်းရဲ့ပြာလဲ့လဲ့ကောင်းကင်နှင့်အပြိုင် ဆေးရုံရှေ့ရဲ့ခုံတန်းလေးမှာထိုင်နေတဲ့ သူမကိုတွေ့ရသည်။ Jisoo သူမအနားသို့သွား၍ဘေးတွင်ထိုင်လိုက်သည်။ သူမရဲ့တုံပြန်ချက်တွေက အလွန်အမင်းအံ့သြသွားဟန်ရှိသည်။