"နွေရာသီက အဝါရောင်ဆန်တယ်"
ရော်ရွက်ဝါတွေ ဖြိုင်ဖြိုင်ကြွေကျနေတဲ့မျက်စိရှေ့ကမြေကြီးကိုကြည့်ပြီး တွေးဖြစ်တာဟာလမ်းထိပ်ကစားကွင်းရဲ့ခုံတန်းရှည်တစ်ခုမှာထိုင်ရင်း အညိုရောင်ချောကလက်ရေခဲချောင်းကိုစားရင်းပေါ့။
တစ်ခေါင်းလုံးလိမ်ကောက်နေတဲ့ အနက်ရောင်ဆံပင်တွေကိုတစ်ဖက်တစ်ခုခွဲစီးထားပြီး ပါဝါထူမျက်မှန်ကိုပင့်တင့်၍တွေးတွေးဆဆ ပြောပါသောJennieကို Lisaမျက်လုံးထဲမှာ စချင်ကောင်းနေတာအပြင်တခြားမရှိခဲ့။
"ပြောပါဦး ဘာလို့အဝါရောင်ဖြစ်ရတာလဲ"
LisaကJennieရဲ့ ခပ်ဆန်းဆန်းစကားကိုပြန်မေးပြီး လက်ထဲမှာကိုင်ထားတဲ့နို့ရေခဲချောင်းကိုတစ်ကိုက်ကိုက်လိုက်သည်။
"ဘယ်နေရာကြည့်ကြည့်သစ်ရွက်အဝါတွေကြွေနေတာလေ အဝါမဆန်လို့ဘာဆန်ရမှာလဲ နင်ကလေ အဆင့်သာကောင်းတာဘာမှမသိဘူး"
"သြော်! Kim Jen နင်အရမ်းတော်တာပဲကို အေးအေး"
သူပြောတာမသိတာနဲ့ပဲ ကိုယ့်အဆင့်နဲ့မတရားယှဥ်ပြောတာကြောင့်ရွဲ့ဖြေလိုက်ပေမယ့် တစ်ကယ်တော့နွေရာသီကအဝါရောင်ဆန်ပါကြောင်းကို jennieရဲ့အတွေးလွန်ခြင်းမှစ သတိထားမိခဲ့တယ်။
"ဒါပေါ့ ငါကအရမ်းတော်တာ"
"အင်း ပေါက်ကရပြောတဲ့နေရာမှာလေ နင်ကရှယ်တော်တာ"
"Yarrrr.....! Lalisa"
Jennieကမျက်လုံးပြူးပြီး တအားထအော်တာကြောင့် လန့်ဖျန့်ပြီးလက်ထဲကရေခဲချောင်းကအောက်ပြုတ်ကျသွားရတယ်။
Kim Jennieက စိတ်တိုလာရင်အသံမတရားကျယ်တယ် သူ့ရဲ့အော်နိုင်မူ့စွမ်းရည်ကို လောစပီကာအမျိုးအနွယ်တွေကတောင် ဆုအကြီးကြီးချီးမြင့်လောက်တယ်။"Kim Jennie နင်ဘယ်လိုလုပ်လိုက်တာလဲ"
"ငါဘာလုပ်လို့လဲ"
ခပ်တည်တည်ပဲ မသိချင်ယောင်ဆောင်ပြန်မေးခြင်းပါ။
"နင်လုပ်လို့ ငါ့ရေခဲချောင်းအောက်ပြုတ်ကျသွားပြီလေ"
"ဒါကတော့ နင်ဟာနင်အသည်းငယ်လို့ပြုတ်ကျတာ ငါပစ်ချတာမှမဟုတ်တာ"