"ဒေါက် !"
"အ ! Lalisa နင်စာသင်ရင်လက်မပါနဲ့နော်"
နဖူးပေါ် ခပ်ဆက်ဆက်လေးကျရောက်လာတဲ့ဘောပင်ကြောင့် စပ်ဖျင်းဖျင်းဖြစ်သွားတဲ့နဖူးကိုပွတ်၍ Jennieခပ်ဆောင့်ဆောင့်လေးပြောသည်။
"နင့်အဖြေမှားနေတယ် ။ စတွက်တည်းကပုံသေနည်းကိုကမှားနေတာ"
Lisaပြောမှ ကိုယ်တွက်ထားတာကိုယ်ပြန်ကြည့်ရင်း ဇဝေဇဝါဖြစ်သွားသည်။
"Jennie နင်ဒီပုံသေနည်းနဲ့တွက်နေတာ ဘယ်နှစ်ပုဒ်ရှိပြီလဲ ။ ဒါတောင်မှားနေသေးတယ်"
"နည်းနည်းလေးလွဲသွားတာကို"
"တစ်ကယ့်စာမေးပွဲမှာ နင်အဲ့လိုသွားပြောလို့မရဘူးနော်။ ငါပြောပါတယ် နင့်ကိုရေးကျက်ပါဆို"
Lisaကဆူသလိုပြောတော့ Jennieမျက်နှာခပ်မဲ့မဲ့လေးဖြစ်သွားသည်။ Lisaနဲ့စာအတူလုပ်ကြည့်မှ Lisaဘာကြောင့်ပိုတော်ရသလဲ ပိုပိုသိလာရသည်။ Lisaက စာကျက်ရင် အာရုံစူးစိုက်မူ့ကောင်းသည်။ တိကျပြီး ရေးကျက်တတ်တဲ့အကျင့်ကြောင့်အမှားနည်းသည်။ ဒါကြောင့်လည်း Lisaလိုလိုက်လုပ်ရင်းတစ်ဖြည်းဖြည်းအကျင့်ကူးလာသည် ။ ဘယ်လိုပဲဖြစ်ဖြစ် Lisaက Jennieအတွက်တော့ ကျေးဇူးတင်စရာကောင်းနေသည် ။
~~ ~~ ~~
"ဒီနေ့အတွက် Special MinuကဘာလဲLisa"
အိမ်ထဲဝင်ဝင်ချင်း စာလုပ်နေကြLisaအခန်းထဲမှာအိတ်ကိုပစ်တင်ရင်းမေးတဲ့Jennieကြောင့်Lisaမှာ လုပ်လက်စမုန့်ကို အမြန်လက်စသက်၍ Jennieဆီပြေးလာရသည်။
"White Chocolate Cakeပါ မဒမ်Kim"
စားပွဲပေါ်ချပေးလာတဲ့ ကိတ်ကိုခပ်စားရင်း Jennieရဲ့မျက်နှာမှာပြုံးရွှင်စွာပင်။
"စားလို့ကောင်းလိုက်တာ နင်အရမ်းတော်တာပဲ"
"အေး အေး စား ပြီးရင် စာလုပ်မယ်"
မြိန်ရည်ရှက်ရည်စားနေတဲ့ Jennieဘေးထိုင်ချလိုက်ရင်းအမောဖြေရသည် ။ဘဝမှာကိုယ့်ရည်းစားကိုယ်တောင် ဒီလောက်စိတ်ရှည်လက်ရှည်မုန့်မလုပ်ကျွေးဖူးဘူး ။
နင့်အတိတ်ဘဝကဆုတောင်းကောင်းလွန်းတယ်။
အစားဂျေးများတဲ့Jennieအတွက်တော့ မနှစ်သက်တဲ့မုန့်တွေတောင် ကြိုက်လာတဲ့အထိ Lisaက Jennieအတွက် ရတနာအထုတ်ကောက်ရသလိုပင် ။
