Koreaက ထွက်လာခဲ့တဲ့နေ့တုန်းက မနက်ဖြန်ကစငါတို့အတူမရှိကြတော့ဘူးလို့ဦးနှောက်ထဲမှာ စာလုံးကြီးကြီးနဲ့ နေရာချခဲ့တယ်။ ငါတို့နှစ်ယောက် ဝေးသွားသေးတာမဟုတ်ဘူးပေါ့ ဒါပေမယ့် ဒီနေ့ငါတို့ဟာသက်ဆိုင်မူ့မရှိကြတော့ဘူးလို့ အိမ်မက်မဟုတ်တဲ့အရှင်လတ်လတ်မြင်ကွင်းထဲမှာမြင်လိုက်ရတော့လည်း တစ်ကယ်ကိုငါတို့ဒီနေ့ပဲဝေးခဲ့ပါတယ်လို့ အရက်တွေသောက်ရင်းပစ်စလက်ခက်ကြေကွဲပစ်လိုက်မယ်။ငါတို့ဒီနေ့ပဲဝေးခဲ့တယ်။
Lisa ,Voldkaပုလင်းကိုထပ်မံယူလိုက်တော့ barထဲကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Jacobကတားတယ်။
"တော်ပြီLisa များနေပြီ"
"ဂရုမစိုက်ဘူး"
"တော်ပြီဆို ထပ်မသောက်နဲ့တော့"
ခွမ်း...!
ထပ်၍တားတော့ ဘေးကဖန်ခွက်ကိုပေါက်ခွဲပစ်လိုက်ပြီး ဒယိမ်းဒယိုင်ဖြင့် hotel barထဲမှထွက်ခဲ့သည်။ လမ်းမှာတွေ့တဲ့အရက်ဆိုင်ထဲကိုဝင်လိုက်ပြီး Whiskyထပ်မှာလိုက်သည်။ ဒီနေ့တော့ဦးနှောက်တွေပြုတ်ထွက်အောင်အထိမူးချင်သည်။ နှစ်နှစ်လုံးလုံးတစ်ရက်မှမပြက်မေ့မရခဲ့တဲ့ အဲ့ဒီဦးနှောက်မှတ်ဥာဏ်တွေကို Whiskyနဲ့ ဆိမ်ပစ်ဦးမည်။
ဒါငါ့ကောင်မလေးဆိုပြီးမိတ်ဆက်ပေးခဲ့တဲ့Jennieရဲ့အသံက နားစည်ထဲမှာစက္ကန့်မလတ်ပဲ့တင်သံထပ်နေတယ်။ တခြားတစ်ယောက်ရဲ့လက်ကိုချိတ်ပြီးတစ်ချက်မှပြန်လှည့်မကြည့်ပဲကျောခိုင်းသွားခဲ့တဲ့နင် သက်ဆိုးရှည်ပါစေ။
အရာအားလုံးငါမှားခဲ့တာ ငါသရဲဘောကြောင်ခဲ့တာမလို့ ငါ့စိတ်နဲ့ငါတိတ်တိတ်လေးသေဆုံးနေခဲ့တာ မလုံလောက်လို့နင်ကိုယ်တိုင်လာသတ်တဲ့အတွက်ကျေးဇူးတွေတင်တယ်။
အခုတော့လည်း နင်သူနဲ့လေ နင်အရမ်းကိုပျော်နေမှာပေါ့။Lisaအရမ်းကိုမူးနေပြီဖြစ်သည်။ ခေါင်းကစားပွဲခုံပေါ်မှောက်ကျသွားသည်အထိ။ မမှိတ်သေးတဲ့မျက်လုံးတွေရဲ့အမြင်တွေကဝေဝေဝါးဝါး။
"Heyy ...!!Are you Ok?"
ပုခုံးကိုကိုလှုပ်နှိုး၍ မေးလာသည့်တစ်စုံတစ်ယောက်ကို မရှင်းမလင်းမြင်နေရပေမယ့် တုံ့ပြန်ချက်မပေးနိုင်သည့်အခြေအနေဖြစ်နေသည်။