Part Six

702 70 0
                                    

ကျောင်းကနေ အိမ်ပြန်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေခြင်းအရ ဖေဖေရုံးကပြန်မရောက်သေးတာသေချာပေမယ့် မေမေကဘယ်သွားနေမှန်းမသိပေ။ ဘယ်သူမှမရှိလေသောကြောင့် ရေချိုးရင်းနဲ့ပဲ အိမ်ကလူတွေကိုစောင့်နေလိုက်သည်။
ခေါင်းလျှော်ဖြစ်တာကြောင့် ရေစက်လက်ကျနေသည့်ခေါင်းကရေတွေကို တဘက်နှင့်သုတ်ရင်းရေချိုးခန်းထဲကအထွက်မှာ ရေးကြီးသုတ်ပြာနဲ့ အထုတ်တွေဆွဲလို့ စျေးကပြန်လာပုံရတဲ့မေမေ့ကိုတွေ့ရသည်။

"လမ်းထိပ်က Shopping Centerမီးလောင်လို့တဲ့သမီးရေ"

"ဟင် ဘယ်လိုဖြစ်တာလဲ"

"ဝါယာရှော့ဖြစ်တာတဲ့။ မီးပြင်းတယ် ငြိမ်းဖို့တောင်မလွယ်ဘူး"

လမ်းထိပ်ကShopping Centerဆိုသည်မှာ အတော်အသင့်ကြီးမားပြီး အရသာရှိတဲ့မုန့်ဆိုင် Coffeeဆိုင်တွေပေါသလို လိုချင်စဖွယ်ပစ္စည်းအသစ်အဆန်းတွေ​နဲ့ ဆိုင်ခန်းတွေကတအားများသည်။ ကိုယ်တွေအပါအဝင် အားလပ်တိုင်းလျှောက်ပတ်ကြည့်နေကြShopping Mallကြီးပင်။ အဖေ အမေပေးတဲ့မုန့်ဖိုးက ဒီနေရာမှာစိတ်ကြိုက်ဝယ်ယူနိုင်တဲ့ပမာဏမရှိခဲ့ပေမယ့် ပိုက်ဆံတွေရှာနိုင်လာတဲ့တနေ့ ဒီCenterကြီးတစ်ခုလုံး နင့်ကိုဝယ်ပေးမယ်လို့ Jennieကိုကတိပေးဖူးခဲ့သေးသည်။
အဲ့ဒီတုန်းက လက်ထဲမှာငါးအူချောင်းတစ်ယောက်နှစ်ခုစီကိုင်ရင်းကတိပေးတဲ့အချိန်  Jennieဆိုတဲ့ ငတိမက​ခေါက်ဆွဲခြောက်ဆံပင်စုတ်ဖွားနှင့် "ဒီcenterကြီးမဝယ်ပေးနဲ့ အခုနင့်လက်ထဲကငါးအူချောင်းပဲပေး"
ဆိုပြီး လိုက်လုလို့ ငါးအူချောင်းပိုက်ပြီးအသက်လုပြေးခဲ့ရသေးသည်။ ခေါက်ဆွဲခြောက်ဆံပင်ဖျားလျားနဲ့နောက်ကပြေးလိုက်တဲ့Kim Jennieက ဇွန်ဘီတစ်ကောင်လိုကြောက်စရာကောင်းခဲ့ပုံများ ညညဆိုအိမ်မက်ကနေတောင်လန့်နိုးရတယ်။

နောက်ပြီး jennieနဲ့ အမြဲပြိုင်ကောက်လေ့ရှိတဲ့ အရုပ်ကောက်စက်တွေလည်းရှိတာဖြစ်လို့ စိတ်ထဲတော့အတော်လေးနှမြောမိပါသည်။

"လုပ်ငန်းရှင်တွေတော့သနားပါတယ်။ ဆိုင်ခန်းတွေကအကုန်မီးထဲပါကုန်ပြီ"

မေမေက ဝယ်လာတဲ့အထုတ်တွေက်ိုစားပွဲပေါ်
အသေအချာချရင်း သက်ပြင်းတစ်ချချနဲ့ပြောနေတုန်းမှာပဲ တစ်ဝီဝီနဲ့အိမ်ရှေ့ကဖြတ်သွားတဲ့မီးသတ်ကားတွေကိုလှမ်းမြင်လိုက်ရတယ်။
မီးမြန်မြန်ငြိမ်းပါစေသာစိတ်ထဲကနေဆုတောင်းမိသည်။ ရေစိုနေတဲ့ဆံပင်တွေကို တဘက်နဲ့ဆက်သုတ်ရင်း အခန်းထဲဝင်ကာအဝတ်အစားဝတ်လိုက်သည်။ ရေမခြောက်သေးတဲ့ဆံပင်ကိုခါယမ်းလိုက်ပြီး သုတ်လက်စတဘက်ကိုပုခုံးပေါ်တင်ကာ စာကြည့်စားပွဲမှာထိုင်လိုက်သည်။ Jisoo Unnieဝယ်ပေးထားတဲ့cameraကိုကျောပိုးအိတ်ထဲကထုတ်လိုက်ပြီး ကျောင်းကခိုးရိုက်လာတဲ့ Jennieရဲ့snapပုံတွေကိုပြန်ကြည့်ရင်းသာ မရပ်နိုင်အောင်ရယ်နေမိသည် ။

Polaride LoveWhere stories live. Discover now