Part Fifteen

726 69 0
                                    

ကျောင်းလေ့လာရေးခရီး သွားရမယ့်ရက်ကိုတစ်ရက်အလိုမှသိခဲ့ရတဲ့Lisaအတွက် ပြင်ဆင်ချိန်ကသိပ်မရှိခဲ့။ တစ်ကယ်တော့ ဒီခရီးကိုလိုက်ချင်တဲ့စိတ်ကလည်းမရှိခဲ့။ လိုက်ဖြစ်ပုံကတော့ မနေ့က Kim Jennieက မဖြစ်မနေလိုက်ခဲ့ရမည်ဟု ဂျီလာကျသောကြောင့်ပေ။ jennieပူဆာလို့သာခေါင်းငြိမ့်ခဲ့ရပေမယ့် ယခုမနက်ထိတောင်ဘယ်သွားမည်ဆိုတာမသိပါ။ ငယ်ငယ်က အဖွဲ့အစည်းနဲ့လုပ်ရတဲ့ အလုပ်တွေကိုမကြိုက်တဲ့ Jennieကအခုအချိန်မှာSocialကောင်းလာခဲ့ပေမယ့် Lisaကတော့တစ်ဖြည်းဖြည်းချင်းသီးသန့်ဆန်လာသည်။

ဘာမှထွေထွေထူးထူးမပြင်ဆင်ထားတဲ့ဒီခရီးတိုလေးအတွက် ကျောပိုးအိတ်တစ်လုံးထဲလိုအပ်မယ်ထင်တာလေးတွေကောက်ပစ်ထည့်ရင်း ကျောမှာလွယ်လိုက်ပြီး ဦးထုတ်တစ်လုံးကိုဆောင်းကာ အားလုံးစုရပ်ဖြစ်သည့်ကျောင်းကို Taxiဌား၍ဦးတည်သွားလိုက်သည်။
Lisaရောက်တဲ့အချိန်မှာ ခရီးသွားမည့် ကားအကြီး၂စီးနှင့် လူတွေမှာအတော်စုံနေပြီဖြစ်သည်။
သို့သော် Jennieမရောက်သေး။Lisa ကြိုရောက်နေနှင့်တဲ့ကျောင်းသားတွေရဲ့ အနီးမှာရပ်လိုက်သည်။နာရီကိုကြည့်တော့ နောက်ကျနေပြီဖြစ်ရာ Jennieကိုဖုန်းဆက်ရန်ပြင်လိုက်စဥ် Sujinကပြုံးရွှင်စွာ လာနှုတ်ဆက်သည်။

"Lisa ! မလာဘူးထင်နေတာ "

"အင်း Sujin အဲ့လိုပဲ လာဖြစ်သွားတယ်"

"ရောက်လာတာကောင်းပါတယ်။ စိတ်ပြေလက်ပျောက်ပေါ့ နော်"

"အင်း "

Sujinကို အလိုက်သင့်သာပြန်လည်ပြောနေမိသည်။ ထိုစဥ် Lisaအရှေ့သို့ အရှိန်ပြင်းပြင်းကားတစ်စီးထိုးရပ်လာသည်။ ဒီကား၏အရောင်မှာအနက်ရောင်ပြောင်လတ်နေပြီး Limitted နဲ့ရောက်တဲ့ နောက်ဆုံးထွက်modelဖြစ်မှန်းLisaမှန်းကြည့်နေမိသလို Sujinအပါအဝင်တခြားလူများရဲ့အကြည့်များသည်လည်းဒီကားတွင်သာ စုပြုံကျရောက်လာလေသည်။ အတန်အနည်းငယ်ကြာမှ ကားတံခါးပွင့်၍ ထိုကားပိုင်ရှင်ဆင်း၍လာသည်။
ထိုသူမှာ Kim Jenဖြစ်သည်။ Jenသည် နေကာမျက်မှန်အမဲကိုတပ်ဆင်ထားပြီး Lisaကိုလက်လှမ်းပြသည်။

"တော်ရုံလုပ်စမ်းပါJenရာ မျက်စိကျိမ်းတယ်"

"ငါက ခရီးမသွားရင်လည်းမသွားဘူး။ သွားရင်လည်း ဘယ်ကိုပဲဖြစ်ဖြစ်styleကျကျပဲသွားတယ်"

Polaride LoveWhere stories live. Discover now