ကားလေးဟာ မြို့ငယ်လေးနဲ့တဖြည်းဖြည်းဝေးကွာလာတဲ့အချိန်မှာ Lisaထံမှစကားသံတစ်ချို့ထွက်ကျလာသည်။
"Youngie..."
"Lisaဘာဖြစ်လို့လဲ ငါဘာလုပ်ပေးရမလဲ"
"ငါ့ဟင်းတွေအေးကုန်ပြီလား"
"ဟင် !"
အေးစက်စွာပြောနေသည့်Lisaကို Chaeyoungနောက်ကြည့်မှန်ကနေကြည့်လိုက်သည်။
"NiNiက ပြန်လာရင်ထမင်းအတူစားမယ်တဲ့ အခုထိပြန်မလာသေးတော့ ဟင်းတွေအေးကုန်ပြီထင်တယ်"
Chaeyoungနောက်ကြည့်မှန်ကတစ်ဆင့်မြင်နေရတဲ့ Lisaဟာမျက်ရည်တွေကျနေသည်။ Chaeyoungသည် လည်လာတဲ့မျက်ရည်တွေကိုပုတ်ခက်ကာ ထိန်းနိုင်ခဲ့ပေမယ့် Jisooကတော့ ရှိုက်၍ငိုနေရှာလေပြီ။
~~
"အဲ့ဒီနောက်ပိုင်းထဲက Lalisaက Suicide Caseတွေကျူးလွန်လာတာလား"
ဆရာဝန်ကြီးရဲ့စကားကို Jisooခေါင်းခါ၍ငြင်းဆန်လိုက်သည်။
"Lisa အဲ့ဒီမြို့ပြန်ရောက်ပြီးမှာ သူ့မိဘအိမ်မှာပဲဆက်နေပါတယ် ။ သူ့ရဲ့စိတ်ကျန်းမာရေးဟာပုံမှန်မဟုတ်မှန်းသိပေမယ့် ကျွန်မလည်းစိတ်ကျန်းမာရေးဆေးရုံလိုမျိုးမှာ မထားချင်တာနဲ့ အိမ်မှာပဲကုဖို့ဆုံးဖြတ်ခဲ့တာပါ"
"အဲ့တာမင်းမှားတာပေါ့။ ဒီမှာ Doctor Kim Jisoo မင်းလည်းဆရာဝန်တစ်ယောက်ဖြစ်ပြီး လူနာရဲ့ဒီလိုစိုးရိမ်ရတဲ့အခြေအနေမျိုးက ဆေးရုံမှာ ဆရာဝန်တွေStand byနဲ့ထားသင့်တယ်ဆိုတာမသိဘူးလား"
ဆရာဝန်ကြီးရဲ့တင်းမာတဲ့စကားမှာ Jisooအသက်ကိုဝဝရူလိုက်သည်။
"ကျွန်မ Lisaကို သူနဲ့အရင်နှီးဆုံးမိသားစုဝင်တွေကြားမှာရှိနေတာ ပိုကောင်းမယ်ထင်မိခဲ့လို့ပါ"
မကောင်းနဲ့စိတ်နဲ့ဆုံးဖြတ်ခဲ့တာမဟုတ်၍ ဆရာဝန်ကြီးဟာစိတ်လျော့လိုက်သည်။
"ဆက်ပြောပါ"
"သူ့မိဘတွေနဲ့နေနေရင်း သူ့စိတ်နည်းနည်းတည်ငြိမ်လာတော့ တိုက်ခန်းတစ်ခန်းကိုသူ့ဘာသာငှားလိုက်တယ် ပြီးတော့သူနဲ့Jennieနဲ့ပက်သတ်တဲ့ပစ္စည်းတွေကိုအဲ့ဒီတိုက်ခန်းဆီရွေ့လိုက်ပြီးမှာ Sucide Caseတွေစလုပ်...."
