"Unnieပြောတာကိုတောင် နားမထောင်တော့ဘူးလားJenရယ်"
ဆေးရုံပြန်ဆင်းနေတဲ့ Jisooထံဖိတ်စာဝင်ပေးတဲ့ Jennie ကိုJisooထပ်၍တားပြန်သည်။
"ဖိတ်စာတောင်ဝေနေပြီလေ Unnieရဲ့"
"Unnieကို အားနာစိတ်ကြောင့်နဲ့ဆို ဆက်မလုပ်ပါနဲ့လို့ပြောထားရက်နဲ့"
"ကာယံကံရှင်နဲ့လည်း ဆိုင်သေးတယ်လေUnnieရဲ့ သူက အခုထိတောင်Jenအပေါ်မပွင့်လင်းတာ"
Jennieကပြောရင်း အသံလေးတိမ်ဝင်နေသည်။
"တခါတလေလည်း သူ့ကိုနားလည်ပေးလိုက်ပါ Jenရယ် တစ်ယောက်နဲ့တစ်ယောက်မချစ်ကြတာလဲမဟုတ်ပဲ"
"တော်ပါပြီ !Jen ပြန်တော့မယ်Unnie"
Jennie သည် Jisooထံတွင်လည်း ကြာကြာမနေလိုက်ပါ။
ဘာလို့အခုထိမေ့လျော့နေလဲလို့တွေးမိရင်ရင်တွေဟာဗလောင်ဆူတယ်။ တစ်ကယ်ချစ်တယ် မချစ်ဘူးဆိုတာထက် ချစ်လားမချစ်လားမသေချာတဲ့ အဖြစ်မျိုးနဲ့တော့ ငါတစ်ကယ်ရှေ့မဆက်ရဲဘူးLisa.
နင်ကလည်း ပြက်ပြက်သားသားမပြောနိုင်ဘူးလေ ။ ငါတို့ကံကြမ္မာကိုက နီးမလိုနဲ့ဝေးဝေးသွားရတာဖြစ်လိမ့်မယ်။~~~
ညနေ 6:00လောက်ခန့်တွင် Jennieရုံးဆင်းချိန်ကိုမှန်း၍ Lisa, Companyကားပါကင်တွင် ကားရပ်၍ကြိုစောင့်နေသည်။
ခဏအကြာတွင် ဓာတ်လှေကားက တစ်ဆင့် Jennieဆင်းလာသည်။"Kim Jennie !!!"
Lisaကားပေါ်က အမြန်ဆင်း၍ Jennieဆီသွားကာ လက်ကိုဆောင့်ဆွဲလိုက်သည်။
"ဘာလုပ်တာလဲLisa!!"
"ငါနင့်ကိုပြောစရာရှိတယ်"
"ဘာလဲ"
"Jennie ငါပြောတာနားထောင်ပါ။ နင့်မင်္ဂလာဆောင်ကိုရပ်လိုက်နော်"
Jennie စိတ်မရှည်စွာ Lisaရဲ့လက်ကိုဖြုတ်ချလိုက်သည်။Lisaမှာအမြဲ ပြောစရာရှိနေတာ ဒါပေမယ့်ပြောလိုက်တိုင်းလည်း စိတ်တိုင်းမကျရတာကြီးပဲ။
"မနက်ဖြန်ပဲမင်္ဂဆောင်ပြီလေ မဖြစ်နိုင်တော့တာကို နင်ဘာဖြစ်လို့ငါ့ကိုလာတားနေတာလဲ"
"Jennie !!နင်ငါ့ကိုမကြည့်ရင်တောင်Unnieကိုကြည့်ပါဦး သူငါတို့အတွက်လုပ်ပေးခဲ့တာတွေကို နင်မငဲ့တော့ဘူးလား"