"Unnie...LiLi ဆေးကျောင်းမလျှောက်ဖြစ်တော့ဘူး"
Coffeeဆိုင်မှာ မျက်နှာချင်းဆိုင်နှစ်ယောက်အတူထိုင်နေတဲ့အချိန် LiLiက ဒီစကားကိုသူမရဲ့ပထမဆုံးပြောတဲ့စကားအဖြစ်အသုံးပြုတယ်။
"ဘယ်လို ။ ဘာဖြစ်လို့လဲLiLi"
မထင်မှတ်ထားတဲ့စကားကိုကြားလိုက်ရတာမလို့ အဲ့ဒီတုန်းကကိုယ့်နားကိုယ်တောင် မယုံချင်ခဲ့ဘူး။
"ဟိုးအရင်က Unnieနဲ့အတူတူရှိချင်လို့ ဆရာဝန်လုပ်မယ်ပြောခဲ့ပေမယ့် တစ်ကယ်တော့ ဆရာဝန်အလုပ်ကို LiLiဝါသနာမပါဘူး"
"ဝါသနာမပါဘူး ?"
သူမရဲ့ စကားကိုသံယောင်လိုက်မိပြီး ဆိုင်အပြင်ဘက်သို့ အချိန်အတော်ကြာမျက်နှာလွဲထားလိုက်တယ်။ အိမ်လာလည်တိုင်းဆေးနဲ့ပက်သတ်တဲ့စာအုပ်တွေက်ို စိတ်ဝင်တစားဖတ်တတ်တဲ့LiLiကို ဆရာဝန်ဖြစ်ချင်လိမ့်မယ်လို့ တို့အထင်မှားခဲ့ပုံပါပဲဲ။
"ဒီတော့LiLiက ဘာတတ်မှာလဲ "
"အနုပညာတက္ကသိုလ်"
ကြိုးစား၍ အေးဆေးတည်ငြိမ်စွာမေးလိုက်ပေမယ့် မေးခွန်းရဲ့ အဖြေက ရင်ထဲကိုခပ်စူးစူးနဲ့နင့်ဝင်တယ် ။
ဒီကျောင်းပဲလား ။ တစ်လောလေးကမှ ဒီကျောင်းကြောင့် ဒေါသထွက်နေတဲ့Jennieရဲ့အမေကိုဖျောင့်ဖျပေးခဲ့ရသေးတာ အခုထပ်ပြီးလည်း ဒီကျောင်းကိုတတ်မယ့် အကြောင်းကြားရပြန်တယ်။"Unnie ဆရာဝန်ဖြစ်စေချင်တာနားလည်ပါတယ်"
"အို Unnieကအကြံပေးရုံပါပဲ။ ကာယံကံရှင်က LiLiပဲလေ သဘောကျတဲ့ကျောင်းကိုပဲတတ်ပါ"
နှစ်ယောက်ကြားထဲ စားပွဲတစ်လုံးသာခြားပေမယ့် LiLiက ကိုယ်နဲ့ဝေးသထက်ဝေးဝေးကိုရောက်သွားသလို ခံစားချက်ကဘယ်ကရလာသလဲမသိ။
"ဘာပဲဖြစ်ဖြစ်ပေါ့ Unnieနဲ့ကျောင်းမတူတော့ပေမယ့်"
"Unnieနဲ့ကျောင်းမတူတော့ပေမယ့် ဘာဖြစ်လဲ ...JenJenနဲ့တူတာပဲလေ ဘာလဲLiLiက စိတ်မကောင်းဖြစ်လို့လား"
သူမရဲ့စကားတွေကိုဖြတ်တိုက်ပြီး ပြောလိုက်တဲ့စကားအဆုံးမှာ မျက်စိရှေ့ကနှုတ်ခမ်းပါးတွေဟာတင်းတင်းစေ့သွားပြီး ရှောင်လွဲလိုက်တဲ့အကြည့်တွေမှာ အမည်မသိလိုက်တဲ့အရောင်တစ်မျိုးဟာလတ်ခနဲ ။