Final - 2

782 59 7
                                    

Lisa..! "

Unnieက အံ့သြဝမ်းသာဟန်ဖြင့်Lilyကိုနှုတ်ဆက်တယ်။

"ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေခဲ့တာလဲJenJenရော အခုဘယ်မှာလဲ"

တွေ့တာနဲ့ Unnieကတရစပ်ကိုမေးနေတော့သည်။ ထို့နောက် အနီးနားက စားသောက်ဆိုင်တစ်ခုမှာထိုင်၍ အဖြစ်အပျက်တွေကိုပြောပြရတော့သည်။

"အဲ့တော့ အခုနေနေတဲ့မြို့က ဘယ်နားမှာလဲ"

"Seoulနဲ့နည်းနည်းလေးတော့ဝေးတယ်Unnieရဲ့"

Unnieက အရင်အတိုင်းလှနေဆဲပါ။မျက်နှာလေးကပကတိအေးငြိမ်နေဆဲပဲ။

"အဆင်ရောပြေကြရဲ့လား ငါ့ကလေးလေးတွေ"

"ပြေပါတယ်။ Lilyဆိုင်လေးကလည်းနာမည်ရနေပြီလေ၊ Jennieကလည်းစာသင်နေတယ်ဆိုတော့"

"အင်း အဆင်ပြေတယ်ဆိုရင်တော့ဝမ်းသာပါတယ်"

"Unnieတို့ရောအဆင်ပြေရဲ့လား "

"Unnieက အရင်လကပဲ UKကနေ ပါရဂူဘွဲ့ထပ်ယူထားတယ်လေ"

Unnieကလေ အဲ့လိုပညာရေးမှာဆ်ို ငယ်ငယ်ကတည်းထူးချွန်တာပါဆို။

"ငါ့အစ်မကတော်လိုက်တာ"

"Park Chaeyoungရဲ့တွန်းအားတွေပေါ့လေ"

Unnieက အသည်းပုံနှုတ်ခမ်းလေးတွေဆန့်တန်းနေအောင်ရယ်ရင်းပြောတယ်။

"အဲ့ကောင်ရော အခုဘာတွေလုပ်နေလဲ"

"သူကတော့ သူ့အလုပ်ပဲဆက်လုပ်နေတယ် ဒါပေမယ့်ဒီကိုတော့အမြဲပြန်လာတယ်လေ ကိုရီးယားကသူ့အိမ်ဖြစ်နေပြီ"

"Unnieကသာ သူ့ရဲ့အိမ်ဖြစ်နေတာပါ"

Unnieရဲ့မျက်လုံးတွေကပြုံးလို့။ Chaeyoungieကို ချစ်တဲ့စ်ိတ်တွေကိုမြင်နေရသည်။ ဒီလိုဆိုတော့လည်း Youngieလိုလူက Unnieကို သစ္စာရှိရှိချစ်ပေးလို့ ကျေးဇူးတင်ရပြန်သည်။

"ဒါနဲ့ Unnie..ပါရဂူဘွဲ့တောင်ယူထားပြီး ဘာလို့UKမှာသွားမနေတာလဲ"

"အမလေး..ကျွန်မ ကျွန်မအမေကိုထားပြီးဘယ်မှမသွားနိုင်ပါဘူးနော် ပြီးတော့ဒီမှာနေရတာပဲပိုပျော်တယ် ဒီကဘိုးဘွားရိပ်သာနဲ့မိဘမဲ့ဂေဟာတွေမှာလဲ အခမဲ့ဆေးကုပေးနေသေးတယ်လေ သူတို့ကိုပစ်ပြီးလည်းမသွားချင်ဘူး "

Polaride LoveWhere stories live. Discover now