Part Two

922 84 0
                                    

"တင်းတောင်! တင်းတောင်!"

သစ်ပင်အကြီးကြီးများနှင့်တော်တော်လေးအရိပ်အာဝသကောင်းကောင်း၌တည်ရှိနေသော အိမ်ကြီး၏ ခြံရှေ့ကလူခေါ်bellကို နှစ်ချက်လောက်ဆင့်နှိမ့်လိုက်ပြီးနောက် အိမ်ထဲမှအန်တီကြီးတစ်ဦးထွက်၍လာသည်။

"သမီးလေး ဘာကိစ္စရှိလို့လဲ"

"ဟို သမီးတို့ကမနေ့ကမှဒီလမ်းထဲပြောင်းလာလို့ ဆန်မုန့်လာပို့တာပါအန်တီ"

"သြော် အေးအေး အထဲဝင်ဦးလေသမီး"

နေရာအသစ်ကိုပြောင်းလျှင် အနီးအနားဆန်မုန့်ဝေရသောထုံးစံအတိုင်း တစ်နေကုန်လိုက်ဝေဖြစ်ခဲ့တာ အခုကနောက်ဆုံးမြောက်အိမ်ဖြစ်ရာ
ဖော်ရွှေသောအန်တီကြီး၏ ဖိတ်ခေါ်မူ့နဲ့အိမ်ထဲသို့ဝင်ရောက်ဖြစ်ခဲ့သည်။

"သမီးရေ ဧည့်သည်အတွက်သောက်စရာတစ်ခုခုယူခဲ့ပါဦး"

အန်တီကြီးက သူ့ရဲ့သမီးဖြစ်ဟန်တူသောကောင်မလေးအားခေါ်၍ပြောသော်လည်း သမီးဖြစ်သူမှာတော်တော်နှင့်ထွက်မလာ။

"ဒီကလေး ဘယ်ရောက်နေလဲမသိဘူး၊ Jisooရေ၊ ဟဲ့ Kim Jisoo"

"ဒီမှာမေမေ"

ခပ်ဆောင့်ဆောင့်နဲ့အော်ခေါ်မှ အသံသေးသေးလေးတစ်ခုကအနီးအနားကထွက်လာခဲ့တယ်၊ အသံကတစ်ကယ့်ကို Lisaရဲ့အနားလေးမှာပဲဖြစ်ပေမယ့် လူကိုမတွေ့ရပေ။ ဘယ်နားကထူးနေသလဲမသိဘူး။ မျက်စိဝေ့ပြီးစ်ိတ်ဝင်တစားရှာတော့မှ အဲ့ဒီကောင်မလေးက ဧည့်ခန်းထဲကဆက်တီခုံရဲ့အရှေ့စားပွဲအောက်က လေးဘက်ကုန်းပြီးထွက်လာသည်။ ခဏ သူကဒီစားပွဲအောက်ထဲဘာဝင်လုပ်နေတာလဲ။

"ဧည့်သည်ရောက်လို့ သောက်စရာတစ်ခုခုလုပ်ပါဆို နင်ဒီမှာဘာလုပ်နေတာလဲ"

"စာကျက်ရတာခေါင်းကိုက်လို့ပါမေမေကလည်း"

ခေါင်းကိုက်လို့ခုံအောက်ထဲဝင်နေသတဲ့ အထူးအဆန်းပဲ။ လူနှစ်ကိုယ်စာလောက်ဝင်နေလို့ရတဲ့ ဂါဝန်အကြီးကြီးနဲ့ ဆံပင်တွေကရှုပ်ပွနေတဲ့သူမရဲ့ပုံစံကနည်းနည်းရယ်စရာကောင်းနေသည်။
အန်တီကြီးက ခပ်ကြိတ်ကြိတ်ဆူတော့ နှုတ်ခမ်းလေးဆူပွပွနှင့် ဒီမိန်းကလေးကအသေချာကြည့်တော့ တော်တော်မှ တော်တော်လေးကိုလှသည်။

Polaride LoveWhere stories live. Discover now