"Happy Birthday to you
Happy Birthday to you
Happy Birthday dear Lisa
Happy Birthday to you"ဒီနေ့ဟာ Lalisaရဲ့17နှစ်ပြည့်မွေးနေ့ဖြစ်ပြီး
မွေးနေ့မှာ Lisaရဲ့အဖေနဲ့အမေက jisooနဲ့jennieအပါအဝင် ရပ်ကွက်ထဲကကလေးတွေခေါ်ပြီး အမဲသားဆန်ပြုတ်တိုက်ရင်း မွေးနေ့cakeခွဲပေးသည်။ Lisaတစ်ယောက် ကလေးတွေကြားထဲမွေးနေ့လုပ်ရလို့ မျက်နှာကြီးစူပုတ်ရှုံ့တွနေသည်ကိုကြည့်ပြီး jisooနဲ့jennieမှာ
birthday songဆိုရင်းကြိတ်ရယ်ရသေးသည်။
ဒါကို lisaကမြင်တော့ မျက်စောင်းထိုးပြီးကိတ်ကိုဆောင့်ကြီးအောင့်ကြီးခွဲသည်။ ပုံပျက်မလိုဖြစ်သွားသည့်ကိတ်ကြောင့် lisaအမေကခေါင်းကိုဂွက်ခနဲမြည်အောင်ခေါက်လေသည်။"မေမေကလည်း"
"ဘာမေမေကလည်းလဲ၊ မွေးနေ့လုပ်နေတာကို မျက်နှာကြည်ကြည်သာသာမရှိဘူး"
"မေမေလုပ်ပေးတာလဲကြည့်ဦးလေ ကလေးတွေဖိတ်ပြီး သမီးက ၅နှစ်ပြည့်တာမို့လို့လား"
"လျှာရှည်ပြန်ပြီ ညည်းအသက်ကအခုမှဘယ်လောက်မို့လို့ လူကြီးလုပ်ချင်နေတာလဲ "
သားအမိနှစ်ယောက် တစ်ယောက်တစ်ခွန်းရန်ဖြစ်နေတာကို ကြည့်ပြီးjennieပိုလို့ပင်ရယ်ချင်လာမိသည်။ Lisaကကျောင်းမှာသာသူများမခံချင်အောင်လိုက်စတတ်တာ အိမ်မှာကြကလေးပေါက်စဖြစ်နေတာကိုး။
"ကဲ နှစ်ယောက်လုံးတော်ပြီ။ Lisa သမီးသူငယ်ချင်းတွေကိုကိတ်အရင်ပေးလိုက်"
Lisaအဖေကရန်ဖြစ်နေတဲ့သားအမိနှစ်ယောက်ကြားထဲဝင်၍ lisaဆီကကိတ်လှီးဓါးကိုယူကာ ကိတ်ကိုတြိဂံပုံစံလေးတွေလှီးပြီးပန်းကန်လေးတွေထဲထည့်ရင်းပြောသည်။
Lisaချပေးတဲ့ကိတ်ကိုတစ်ဇွန်းယူစားပြီးနောက် အိတ်ကပ်ထဲမှယူဆောင်လာသော ဖဲကြိုးတတ်ထားတဲ့ လေးထောင့်ဘူးလေးတစ်ဘူးကိုထုတ်၍ lisaအားပေးလိုက်သည်။
"ရော့ မွေးနေ့လက်ဆောင်"
လက်ဆောင်ပေးမည်မထင်ထားသောကြောင့် Lisaတစ်အံ့တစ်သြနှင့် ဘူးလေးကိုယူ၍ဖွင့်ကြည့်တော့ Lucky သစ်ရွက်ပုံစံလေးပါဝင်တဲ့ဟန်းချိန်းလေးဖြစ်နေသည်။
"လှလိုက်တာ"
ခပ်မြန်မြန်ပဲ Lisaလက်မှာဝတ်လိုက်တော့ ဟန်းချိန်းအဖြူလေးနှင့် lisaလက်ကောက်ဝတ်သွယ်သွယ်လေးက တော်တော်လေးကိုလိုက်ဖက်နေပေသည်။