ဘဝမှာ တစ်ခါမှကိုယ့်က်ိုယ်ကိုယ် ဆုံးဖြတ်ချ
က်ခဏလေးအတွင်းပြင်ဆင်နိုင်တဲ့လူလို့ မထင်ခဲ့ဖူးဘူး ။
အဲ့ဒီ့နေ့မတိုင်ခင်အထိလည်း ကိုယ်ဟာလွယ်လွယ်ပြောင်းလဲတတ်တဲ့လူမဖြစ်ခဲ့ဘူး ။ တစ်ကယ်လို့ Kim Jenနဲ့သာမတွေ့ခဲ့ရင်၊ မဆုံခဲ့ရင်ပေါ့ ။အတိတ်တွေမှာအသွင်ပြောင်းခဲ့တဲ့ ဆုံးဖြတ်ချက်တွေဆိုတာလည်းရှိခဲ့လိမ့်မှာမဟုတ်ဘူး ။"ကျောင်းရှေ့မှာတွေ့မယ်Lisa"
စာသင်နေတုန်း တောင်!ခနဲဝင်လာတဲ့ messageသံကြောင့် Lisa ဖုန်းကို စာအုပ်ကြားထဲညှပ်ရင်းဖွင့်ဖတ်လိုက်သည် ။
"ကျစ်! Jennie Kim အတန်းကြတော့မတတ်ဘူး "
Lisaတိုးသဲ့စွာ ရေရွတ်သည်။ အတိတ်နဲ့လက်ရှိကို နှိုင်းယှဥ်ပြောရရင် Jennieကတော်တော်ကိုပြောင်းလဲသွားတဲ့အထဲမှာပါသည်။ ဟိုအရင်က စာပဲတစ်ကုတ်ကုတ်လုပ်နေတတ်တဲ့လူက စာကလွဲပြီး စိတ်ဝင်စားတာတွေပိုများလို့လာခဲ့သည်။ ဆံပင်ကောက်ကောက်တွေက ဖြောင့်စင်းလာခဲ့သလို ပါဝါထူထူမျက်မှန်ဟာလည်းမနှစ်ကစ၍မရှိတော့ ။ အညိုရောင်မျက်ကပ်မှန်လေးက မျက်ဝန်းထက် အစဥ်အမြဲနေရာယူတတ်လာခဲ့ပြီ။
သူသွားချင်လာချင်တဲ့နေရာတွေကိုလည်း မပြောမဆိုသွားတတ်နေခဲ့ပြီ ။အရင်က ဘယ်သွားသွား Lisaပါမှ ဖြစ်ပေမယ့်လို့ ဒီပြောင်းလဲချက်က Jennieကိုစိတ်အပူဆုံးသာဖြစ်သည်။ နေမထိမြေမထိ အိမ်အကြီးကြီးထဲမှာ အမြဲလိုလိုသက်သောင့်သက်သာနေရတဲ့ သူမ ခလုတ်မထိဆူးမညှိစေဖို့ တာဝန်အရှိဆုံးလူ ကိုယ်သာဖြစ်သည်ဆိုတာဟာ ဘယ်သူ့သတ်မှတ်ချက်မှမဟုတ်ခဲ့ပေမယ့် ဒီဦးနှောက်တစ်ခုထဲမှာ ဘာအတွက်ကြောင့်များစွဲသွားခဲ့သလဲ မသိရပေ။စာသင်ချိန်ပြီးဆုံးသည်နှင့် လက်တစ်ဖက်ကဦးထုတ်ဆောင်း၍ ကျန်လက်တစ်ဖက်ကကျောပိုးအိတ်ကိုလွယ်ကာ အတန်းထဲမှခပ်သုတ်သုတ်ထွက်လာခဲ့သည်။
ကျောင်းရှေ့သို့ရောက်သည်နှင့် ရယ်မောနေတဲ့ အညိုရောက်မျက်ဝန်းလေးကိုတွေ့ရှိမှ မြန်ဆန်နေတဲ့ခြေလှမ်းတွေကိုရပ်၍ နှုတ်ခမ်းတွေကပြုံးမိသည်။
ဘေးနားမှာလည်း မိန်းကလေးတစ်ယောက်နဲ့ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဆိုလို့Lisaတစ်ယောက်ထဲရှိခဲ့ပေမယ့် အခုအချိန်မှာတော့သူမဟာ အပေါင်းအသင်းအနည်းအကျဥ်းနဲ့ သိကျွမ်းလာတတ်ခဲ့လေပြီ။