လှည့်ထွက်သွားတဲ့ အဲ့ဒီ့ခြေလှမ်းသေးသေးလေးတွေရဲ့နောက်မှာ နောင်တ တရားတွေက ရပ်ကျန်နေခဲ့တယ်။
အပြက်သားဆုံးပြောခဲ့အပြီး မနေနိုင်ဖြစ်ခဲ့ရတဲ့က်ိုယ်ပါပဲ။ ဘယ်လောက်ပဲခေါ်ခေါ်မကိုင်တော့တဲ့ဖုန်းတွေအရ သူမဘယ်လောက်တောင်စိတ်ဆိုးသွားခဲ့ပြီလဲ။
ဆန်ဖရန်ဆစ်စကို သွားဖို့၂ရက်အလို တတ်နိုင်မူ့ဟာဘာများရှိသေးလဲ။ အခုချက်ချင်းပဲပြေးပြီး "ငါလည်းနင့်ကိုသဘောကျပါတယ်"လို့ပြောလိုက်ရမည်လား။ အတွေးတွေက ဦးနှောက်ကိုအကြိမ်ကြိမ်ရိုက်နှက်တယ်။
Jennieအမေ ပြန်ရောက်နေပြီဆိုတဲ့သတင်းအရ အိမ်လိုက်သွားဖို့တွန့်ဆုတ်နေခဲ့ရင်းကြားက စွန့်စားပြီးလိုက်သွားတဲ့ ဆုံးဖြတ်ချက်ကအချည်းအနှီးဖြစ်ခဲ့ရ။ မတွေ့ချင်တဲ့လူတစ်ယောက်က ဘယ်တော့မှ အိမ်မှာရှိနေမှာမဟုတ်ဘူးလေ။မနက်ဖြန်ဆို ဒီနိုင်ငံကထွက်သွားရတော့မယ်။
အလှမ်းဝေးတဲ့ကမ္ဘာတစ်ဖက်ဆီ။ သူမနဲ့ ခပ်ဝေးဝေးတစ်နေရာဆီ။ ဘယ်လိုစိတ်နဲ့နေထိုင်ရမည်လဲ။ ငိုချလို့မရတဲ့ရင်ထဲက ဆို့နင့်နင့်နာကျင်မူ့ကအတော်လေးလှိမ့်ပိန့်ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မတ်တပ်ရပ်ဖို့ခဲယဥ်းနေတဲ့အခြေအနေတစ်ခုမှာ သူသည်လည်းအဆင်ပြေမယ်လို့မထင်ပါဘူး။ အရာရာအားလုံးငါပျော့ညံ့ခဲ့တာပါ။"Jisoo Unnie..."
Unnieကိုတော့ နောက်ဆုံးနှုတ်ဆက်ရမည်မလို့ အိမ်လိုက်သွားခဲ့သည်။ ကြက်ကြော်ဆိုင်ကပိတ်ထားသည်ဖြစ်လို့ စိတ်ထဲမှာအထူးအဆန်း အန်တီများနေမကောင်းလို့လေလား။ အိမ်တံခါးကိုအသာတွန်းဖွင့်ရင်း Unnieကိုခပ်တိုးတိုးခေါ်တော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့အမျိုးသမီးနှစ်ဦးဟာ တစ်ပြိုင်ထဲလှည့်ကြည့်သည်။ ထိုအမျိုးသမီးနှစ်ဦး၌ တစ်ဦးမှာ Jisoo Unnieအမေဖြစ်ပြီး နောက်တစ်ဦးမှာ မထင်မှတ်ထားသောသူသာဖြစ်နေသည်။ သူသည်Jennie၏အမေဖြစ်သည်။
"သြော်..သ သမီးLisa လာလေ။ သမီးအစ်မအခန်းထဲမှာရှိတယ်"
Unnieအမေက ခါတိုင်းလိုပင်နှုတ်ဆက်သော်လည်းအမူအရာနည်းနည်းပျက်ယွင်းနေပုံပေါ်သည်။Jennieအမေကတော့Lisaကိုခပ်မာမာကြည့်ပြီးမျက်နှာလွှဲသွားသည်။ဒါက Jennieအမေရဲ့ပင်ကို မျက်နှာထားပင်ဖြစ်၍Lisaစိတ်ထဲ၌ထားမနေတော့။