Jennieမင်္ဂလာဆောင်ကို သွားရင်းလမ်းတွင် Jisooအလှပန်းစည်းဝင်ဝယ်လိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် Jennieသည်ကိုယ့်ညီမတစ်ယောက်ပင် ဖြစ်သည်မလို့ ဂုဏ်ပြုပန်းစည်းတော့ပေးရမည်။
ကိုရီးယားက နာမည်ကြီးHotelအတွင်း Jisooအလှပန်းစည်းကိုလက်တွင်ပွေ့၍ ဝင်သွားသည်။ ပွဲထဲတွင်မည်သည့်ဧည့်သည်မှမရောက်သေး။ အန်တီဂျူရီက Jisooကို နှုတ်ဆက်သည်။ သတ်ို့သမီးကအလှပြင်နေဆဲဖြစ်သည်မလ်ို့ Jisoo အန်တီဂျူရီကိုခွင့်တောင်း၍ Jennieရှိရာသို့တတ်သွားလိုက်သည်။
သတို့သမီးဝတ်စုံလေးနဲ့ နတ်မိမယ်လေးတစ်ပါးလိုလှပနေတဲ့ Jennieကို ကြည့်ပြီး Jisooပြုံးလိုက်သည်။
"Unnie...!"
တိုးသဲ့သောအသံလေးဖြင့်ခေါ်တော့ Jisoo Jennieအနားသို့တိုးကပ်သွား၍ ပန်းစည်းကိုကမ်းပေးလိုက်သည်။
"ဂုဏ်ယူပါတယ်နော်"
Jennie ပန်းတွေကိုကြည့်ပြီးဘာမှမပြော။ မျက်ရည်တွေသာဝေ့ဝဲလာသည်။
"ဘာဖြစ်လို့လည်း Jenရဲ့"
"မသိဘူး ဒီတိုင်း ဝမ်းနည်းလို့"
Jennieသည် မချစ်တဲ့သူနဲ့ တစ်ကယ်လက်ထပ်ရမယ့်နေကြ ကြောက်ရွံ့နေသည်။
"ဘာဖြစ်လို့ ခေါင်းမာခဲ့ရတာလဲ "
Jisooက နားလည်ဟန်ဖြင့်ပြောတော့ Jennie, Jisooလက်တွေကိုကိုင်ထားသည်။
"သူက Jenကို ချစ်တယ်လို့မှမပြောခဲ့တာ"
"Lisaက Jenကိုဘာလို့မချစ်ရမှာလဲ။ Lisaဘက်က ချစ်တာမသေချာပဲ ဒီအစ်မက နီးစပ်ဖို့စိတ်အားထက်သန်ခဲ့ပါ့မလားJennieရဲ့။ နင်တို့တွေတစ်ယောက်အကြောင်း တစ်ယောက်မသိတာလည်းမဟုတ်ဘူး။ Lisaဘက်က ဖွင့်မပြောဘူးဆိုတာနဲ့ပဲ Jenတစ်ခြားတစ်ယောက်ကို လက်ထပ်ဖို့လုပ်ရသလား။ ဒီလိုလုပ်တာ Jenတို့နှစ်ယောက်လုံးတစ်သတ်လုံးနောင်တရရမှာနော် သိရဲ့လား"
အစ်မအရင်းတစ်ယောက်လို ဆူငေါက်တော့ Jennieကလေးတစ်ယောက်လိုငိုတော့သည်။
"Unnie..Jenဘာလုပ်ရမလဲ..တစ်ကယ်လက်ထပ်ဖို့ကြ Jenကြောက်တယ် Jenဘာလုပ်ရမလဲ"
Jisoo, Jennieကိုဖက်၍ နှစ်သိမ့်လိုက်သည်။ ပွဲစဖို့ကလည်း သိပ်မလိုတော့။ Jisooခေါင်းထဲ အတွေးတစ်ခုကဝင်လာသည်။