Part Seventeen

819 77 5
                                    

စာမေးပွဲနီးလာတာနဲ့အမျှ စာကျက်ရတာဟာ ဘာအထိအတွေ့ အနံ့အရသာမှမရှိတဲ့လေဟာနယ်တစ်ခုကိုဝါးစားနေရသလိုမျိုးဆိုတဲ့ခံစားချက်တွေကရင်ထဲအပြည့်။
Lisa ဒီနေ့မှာလည်း အတန်းမတတ်ပဲ ဟိုသွားလိုက်ဒီသွားလိုက် လမ်းမှာတွေ့သမျှအရာတိုင်းကိုခြေထောက်နဲ့ပိတ်ကန်ရင်း စိတ်တွေကထွေပြားနေပြန်သည်။
စာမေးပွဲဆိုတာ ခက်ခက်ခဲခဲကျော်ဖြတ်ရတဲ့ချောက်ကမ်းပါးတစ်ခုမှန်းသိလာလေလေ ဒီကျောင်းကို ဘာကြောင့်ရွေးချယ်ခဲ့မိမှန်းမသိလေလေပါပဲ။
ဦးတည်ချက်ကင်းမဲ့နေတဲ့စိတ်တွေက နောက်ဆုံးမှာ အိမ်ကိုသာပြန်ခဲ့ပြီးလေးပင်နေတဲ့ခြေထောက်တွေနဲ့ အခန်းထဲဝင်လွယ်အိတ်ကိုပစ်ချအိပ်ယာထဲခွေခေါက်သွားတဲ့အဆုံးသက်တိုင်းကိုမြင်တိုင်းမိဘတွေကတော့ရင်မောရဆဲ။

နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ တီခနဲ့မြည်လာတဲ့ messageသံကြောင့် မျက်ခွံတစ်ဝက်ဖွင့်ရင်း ဖုန်းကိုကြည့်လိုက်တော့

"ဗိုက်ဆာတယ်။ အိမ်ကို မုန့်လာပို့ပေး"

အထက်စီးဆန်ဆန်ဗိုက်ဆာနေတဲ့ ဒီလူသားဟာသေချာပေါက်Kim Jennieသာဖြစ်သည်။

"ငါကသူ့အခိုင်းအစေလား"

Lisa ဖုန်းကိုပြန်ပိတ်လိုက်ပြီး ဖုန်းရဲ့ဆန့်ကျင်ဘက်သို့ခေါင်းစောင်းကာပြန်လည်အိပ်လိုက်သော်လည်း အဆက်မပြက်အချက်ပေးနေတဲ့မသိစိတ်ကြောင့် စိတ်ရှုပ်ထွေးစွာ ငုတ်တုတ်ထထိုင်လိုက်သည်။
Jennieတစ်ခုခုစားချင်တယ်ဆိုတိုင်း မီးဖိုချောင်အလိုလိုရောက်သွားရတဲ့ ဇာတ်ကြောင်းဟာမပြီးဆုံးနိုင်တဲ့ဝတ္ထုရှည်တစ်ပုဒ်သာဖြစ်ပြီး Kim Jennieကတော့ အဲ့ဒီဇာတ်လမ်းရဲ့ အရေးပါတဲ့အဓိကဇာတ်ကောင်တစ်ခုဖြစ်သည်။

မီးဖိုထဲမှာရှိတဲ့ပစ္စည်းတွေကိုဟိုဟိုဒီဒီ လိုက်ကြည့်ပြီးနောက် ပါဝင်ပစ္စည်းတွေက ပါစတာပြုလုပ်ရန် အဆင်ပြေသည့်အတွက် Lisaစေတနာမရှိစွာပင်Jennieအတွက် ပါစတာကိုပြင်ဆင်လိုက်သည်။
ပါစတာစားပြီး အချိုတည်းဖို့ ချောကလပ်ကွတ်ကီးလေးတွေပါလက်စနဲ့ လုပ်လိုက်ပြီး အားလုံးအပြီးမှာ ခြံထဲက ဆိုင်ကယ်ကိုဆွဲ၍ Jennieဆီသို့ထွက်လာခဲ့သည်။
ဘယ်နေရာမှာလည်းဆိုတာသိပေမယ့် တစ်ခါမှမရောက်ဖူးခဲ့တဲ့Jennieရဲ့အိမ်ရှေ့သို့အရောက်မှာ နန်းတော်တစ်မျှခန်းနားနေတဲ့ အိမ်ကြီးရဲ့အရှိန်အဝါကြောင့် နည်းနည်းတော့သက်ပြင်းချမိသည်။
ဒါပေမယ့်လည်း ရောက်နေမှမထူး လူခေါ်bellကိုခပ်သွက်သွက်နှိမ့်လိုက်တော့ အဒေါ်ကြီးတစ်ဦး၏အသံထွက်ပေါ်လာသည်။

Polaride LoveWhere stories live. Discover now