ဒီနေ့ Lalisaက ကျောင်းသို့ရောက်ရောက်ချင်းမှာပဲ ပြန်ဖို့ကိုစိတ်စောနေခဲ့သည်။
အကြောင်းမှာ ညနေJisoo Unnieနဲ့ချိန်းဆိုထားသောကြောင့်ပင်။ Unnieဘက်က စပြီးချိန်းတာကြောင့်လည်း စိတ်ထဲမှာတစ်မျိုးဖြစ်နေသည်။ ပုံမှန်အားဖြင့် Unnieဘက်စပြီးချိန်းတယ်ဆိုရှားသည်။ အရေးကြီးကိစ္စပြောစရာရှိ၍သာဖြစ်နိုင်ပေမည်။
Lisa စာသင်ခန်းသို့ရောက်ရန် ကော်ရစ်တာတစ်ဆစ်ချိုးလိုက်သည့်အချိန်တွင် အခန်းရှေ့၌ရပ်လျှက်ရှိနေသော Jennieကိုတွေ့လိုက်ရသည်။
Jennieက Lisaကိုတွေ့တော့ ခုန်ဆွခုန်ဆွနှင့်ပြေးလာလေသည်။"Lisa "
"နင်ဒီနေ့စောနေပါလား Jennie"
"ငါနင့်ကိုပြောစရာရှိလို့ ။ညနေငါနဲ့လိုက်ခဲ့ပါလား"
"ငါညနေမအားဘူး Unnieနဲ့ချိန်းထားတယ် နင်ကဘယ်သွားမလို့လဲ"
Jennieရဲ့မျက်နှာဟာ ငိုင်ကျသွားသည်။ သူမပုံစံက Lisaကိုအမှန်တစ်ကယ် သူခေါ်ရာနောက်လိုက်စေချင်နေသည့်ပုံပေါ်သည်။
"Mommyက သူ့သူငယ်ချင်းရဲ့သားနဲ့ ဒီနေ့ညနေစာသွားစားခိုင်းထားတာ "
တစ်စိမ်းယောကျ်ားလေးတစ်ယောက်နှင့် မိဘကိုယ်တိုင်ညနေစာစားခိုင်းတယ်ဆိုကတည်းက သေချာပေါက် Jennieအမေဟာကြင်ယာဖက်တွေ့ပေးတာပဲဖြစ်မည်။
"နင်မသွားချင်ရင် ငြင်းလိုက်ပေါ့"
"မရလို့ပေါ့ ။ အဲ့တစ်ယောက်နဲ့ ငါဟိုတစ်လောကတုန်းကတွေ့ဖြစ်ပါတယ် "
Jennieက ပြောနေရင်းတန်းလန်း အခန်းထဲသို့ဝင်တော့ Lisaကပါလိုက်ဝင်ရင်း နားထောင်နေသည်။
"သူက ငါ့အမေရဲ့Companyကိုလာတာနဲ့ mommyက အတင်းငါ့ကိုခေါ်လိုက်တာ ။ သူကအပြန်ကြငါ့ကိုကော်ဖီလိုက်တိုက်တယ် ပြီးတော့ သူနဲ့ငါ့ကိုလူကြီးတွေသဘောတူနေတဲ့အကြောင်းမသိမသာ စကားစလာတယ်လေ "
"အဲ့တာနဲ့ ...."
နေရာလွတ်တစ်ခုမှာ နှစ်ယောက်ယှဥ်တွဲလိုက်ရင်း ပြက်သွားတဲ့Jennieစကားကို ဆက်လိုက်သည်။
"ငါသူ့ကိုပြောခဲ့တယ်။ ငါယောကျ်ားတွေကိုစိတ်မဝင်စားဘူးလို့"
