"ဆရာမKim ဝယ်လာတဲ့အသားညှပ်ပေါင်မုန့်တွေကတစ်ကယ်အရသာရှိတာပဲ"
ဝါးလက်စပေါင်မုန့်တွေမကုန်သေးပဲလျှက်Doctor Shinက Jisooဘေးနားလာရပ်၍ပြောသည်။
"တို့ဆရာမလှလှလေးက အမြဲတမ်းပေါင်မုန့်တွေအများကြီးဝယ်လာတာဆိုတော့ပိုက်ဆံတွေအများကြီးကုန်နေတော့မှာပဲ"
သူနာပြုလေးတစ်ယောက်ရဲ့စကားကို Doctor Shinကပါထောက်ခံသလိုခေါင်းငြိမ့်သည်။
"အားလုံးကအရသာရှိရှိစားကြတော့..ကုန်ရကျိုးနပ်ပါတယ်ရှင်"
"အပျိုကြီးမမကတော့ ကုန်စရာမရှိတိုင်းပရဟိတလုပ်နေတော့တာပဲ"
ဘယ်အချိန်တည်းကအနားရောက်နေမှန်းမသိတဲ့Min Youngရဲ့စကားကိုကြားတော့ စေတနာကိုစော်ကားပါလားဆိုတဲ့သဘောနဲ့Jisooမျက်စောင်းထိုးလိုက်သည်။ လူတွေကတစ်ယောက်ထဲသမားဖြစ်တာနဲ့ပဲပိုက်ဆံကုန်သက်သာတယ်လို့ထင်နေကြတာပါပဲ။
"ဟင်..! ဘာဖြစ်လာတာပါလိမ့်"
သူနာပြုက ဆေးရုံအပြင်သို့ကြည့်၍အသံတိုးတိုးနှင့်ပြောတာဖြစ်ပေမယ့် အနားကပ်နေတဲ့Jisooကကြား၍သူနာပြုကြည့်ရာနေရာသို့လိုက်ကြည့်လိုက်တော့
ဖြူဖွေးနေတဲ့နှင်းတွေဖြိုင်ဖြိုင်ကျနေတဲ့ ကြားထဲက ဆေးရုံဆီသို့အရှိန်ဖြင့်ပြေးလာနေတဲ့ကောင်မလေးတစ်ဦးကိုတွေ့သည်။ ရွှေဝါရောင်ဆံပင်အရှည်တွေပျံ့လွှင့်လို့ Jisooတို့ဆီသို့ တန်းမတ်နေအောင်ပြေးလာနေတဲ့ ထိုကောင်မလေးကိုကြည့်၍Jisooငေးငိုင်နေသည်။
သူမရဲ့ကျောပေါ်မှာကလေးတစ်ဦးကိုပိုးထားသည်။ Jisooတို့ဆရာဝန်တွေအနီးအရောက်မှာသူမရဲ့ပြေးနေတဲ့ခြေထောက်တွေရပ်တန့်သွားသလို ဆေးရုံရှိလူအများအပြားကလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။"ကူညီပါဦး...!!"
"ဘာ ဘာဖြစ်လာတာလဲ"
Doctor Shinကရုတ်တရက်မို့လို့ ကြောင်၍မေးစဥ် မောဟိုက်နေတဲ့ သူမကအသက်ကိုလုရှု၍ဖြေသည်။ ဘယ်လောက်တောင်မောနေသလဲဆို ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့အချိန်မှာတောင် သူမရဲ့နဖူးမှာချွေးစတွေပျံနေသည်။
"ဒီကလေး လမ်းမှာလဲကျသွားလို့"
သူမရဲ့ကျောမှာပိုးထားတဲ့ကလေးမလေးကိုပြ၍ပြောတော့ သူနာပြုလေးကပြာပြာသလဲဖြင့်ဆိုသည်။