Part Twelve

750 65 0
                                    


မိုးရွာထဲမှာ အတန်ကြာငိုပြီးနောက် Lisaအိမ်ကိုသာJennieကိုခေါ်လာခဲ့သည်။
မိုးရေတွေတစ်ကိုယ်လုံးရွဲနေတာကြောင့် အဝတ်တစ်စုံထုတ်ပေး၍Jennieအားလဲစေသည်။
Jennieထက်အရပ်ပိုရှည်တဲ့Lisaရဲ့ရှပ်အင်္ကျီက Jenအတွက်ဂါဝန်လိုတောင်ဖြစ်နေခဲ့သည်။
Lisaကော်ဖီပူပူတစ်ခွက်ကို ဖျော်​ပေးသည်။
Jennieကတိတ်ဆိတ်စွာ ဘာမှမဖြစ်သလိုပင် လွန်ခဲ့တဲ့နာရီပိုင်းက မိုးရွာနေတဲ့လမ်းထက် သူမဟာဘာမှမလုပ်ခဲ့သလိုပါပင်။

"တစ်လောတုန်းကSuJinက ငါ့ကိုပြောတယ်"

Jenစကားတွေထဲ SuJinဆိုတာပါလာခဲ့ပေမယ့် နေ့လည်ကတွေ့ခဲ့တဲ့အကြောင်းတော့Lisaမပြောတော့ပါ။

"သူကနင့်ကိုကြိုက်လို့တဲ့ Lisa"

"အင်း"

သိပ်ကြီးမထူးဆန်းတာကြောင့် Lisaဒီကိစ္စအတွက် ဘာမှဆက်မပြောဖြစ်ခဲ့။

"နင်ကမနာလိုစရာကောင်းတာပဲနော်Lisa နင့်ကိုကြိုက်တဲ့ကောင်မလေးတွေက ငါနဲ့လာလာပေါင်းကြတယ်"

မနာလိုစရာကောင်းတယ်ဆိုပေမယ့် Jennieပုံစံကတမင်မနာလိုလို့ပြောနေတဲ့ပုံစံမဟုတ်။
Jennieက ထိုင်နေရာကထရပ်၍ အခန်းတစ်ဝိုက်ကိုဝေ့ဝဲကြည့်သည်။

"နင့်မှာCameraတွေအများကြီးရှိတာပဲ"

နံရံမှာချိတ်ထားတဲ့cameraတွေကိုကြည့်ပြီးပြောတော့မှ ဒီအတောအတွင်း cameraတွေအတော်စုဖြစ်ခဲ့မှန်း ကိုယ့်ကိုယ်ကိုယ်သတိထားမိသည်။

"ငါအခုတလော cameraတွေစုရတာသဘောကျနေတာ"

"ဒါနဲ့ ငါUnnieနဲ့မတွေ့တာတောင်ကြာပြီ"

"အင်း...ငါတို့သက်သက်ဆုံကြတာပေါ့"

"နင်ကအရမ်းအေးစက်တာပဲနော်"

"ဘာကိုလဲ"

အဆုံးအစမရှိထပြောတဲ့Jennieရဲ့စကားကို Lisaနားမလည်သလိုပြန်လည်မေးခွန်းထုတ်လိုက်သည်။

"သူများအတွဲတွေဆို တစ်ရက်လောက်မတွေ့ရရင်တောင် ဆယ်ကမ္ဘာလောက်ဝေးသလိုဖြစ်နေတာ။ နင်ကတော့ အရမ်းကိုအေးအေးဆေးဆေးဖြစ်နေလို့"

Jennieစကားကြောင့် Lisaဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
အမှန်က သီးသန့်ကြီးမdateဖြစ်တာကလွဲရင်အိမ်ချင်းနီးသည်ဖြစ်လို့ မကြာခဏUnnieဆီရောက်ဖြစ်ပါသည်။ အရမ်းကြီးကပ်တွယ်မနေဘူးဆိုခြင်းမှာ Unnieအတွက်စိတ်အနှောက်အယှက်မဖြစ်စေချင်ရုံတစ်ခုထဲသာရှိခဲ့သည်။

Polaride LoveWhere stories live. Discover now