စာအုပ်ပေါ်သို့တစ်တောက်တောက်ကျနေတဲ့နှာခေါင်းသွေးတွေကြောင့် Jisoo ဘေးကတစ်ရူးကိုယူ၍ သုတ်လိုက်သည်။
တစ်ကယ်တော့ Jisooက ဖျားချင်နေခဲ့တာ။
ပြီးတော့ ဒီနေ့မှLisaကိုလည်းအရမ်းလွမ်းနေတာ။ နေလို့မကောင်းတဲ့အချိန်တွေဆိုကိုယ့်ချစ်သူကို ယ်ပြင်းပြင်းပျှပျှလွမ်းဆွတ်တတ်တာသဘာဝတဲ့လား။
ဒီနေ့တစ်နေကုန် LiLiကဖုန်းလေးတောင်မဆက်ဘူး။ စိတ်ကောက်ချင်ပေမယ့် သူလည်းစာတွေကျက်နေမှာပေါ့ဆိုပြီးဖြေသိမ့်လိုက်ရပြန်သည်။ထို့နောက် ဖုန်းဆက်ရင်ကောင်းမလားဆိုပြီး ဖုန်းကိုကိုင်လိုက် ချလိုက်လုပ်နေသေးသည်။ထိုစဥ် ဖုန်းမြည်လာသည်။
ဟင်။ တိုက်တိုက်ဆိုင်ဆိုင် LiLiဆီကပါလား ။ Jisoo လျှင်မြန်စွာဖုန်းကိုင်လိုက်သည်။"Hello !LiLi"
"Unnie...Jennieကိုကယ်ပါဦး"
မျှော်လင့်နေတဲ့လူဟာ မျှော်လင့်ထားသလိုမဖြစ်လာတဲ့အခါ စိတ်ကူးတွေဟာရင်ခွင်ကို ဖြတ်ထိသွားဓားတစ်လတ်လ်ိုပါ။
"Jen Jenဘာဖြစ်လို့လဲ"
"ပြောရမှာရှည်တယ်Unnie။ အတိုချုန်းပြောရရင်တော့ Jen သူ့အမေနဲ့ပြဿနာတတ်နေပြီ။ Unnieကူညီမှရမယ် လုပ်ပါဦး"
"ဟုတ်ပြီ စိတ်ကိုအေးအေးထား Unnieအခုလိုက်သွားလိုက်မယ်"
ဝမ်းနည်းခြင်းကနေ စိုးရိမ်ခြင်းသို့ပြောင်းခဲ့သည်။ သည်းနေတဲ့မိုးကိုပင်ဂရုမစိုက်နိုင် တွေ့တဲ့Taxiငှားပြီးချက်ချင်းလိုက်သွားခဲ့သည်။
Jennieဆီရောက်တော့ အချိန်ကိုက်ပါပဲ။ Jennieအမေက Jennieကိုရိုက်ရန်ပြုနေခဲ့တာ။ Jisoo ,Jennieထံသို့သွား၍ ပွေ့ဖက်လိုက်သည်။
"အန်တီ !!!ဘာလို့Jennieကိုနှိမ့်စက်နေတာလဲ"
Jisoo လေသံမာမာဖြင့် အမျိုးသမီးကြီးကိုပြောသည်။
"Jisoo ဖယ်နေ!!"
ပြက်သားတဲ့အကြည့်တွေနဲ့ Jisooကိုစိုက်ကြည့်ကာပြောတော့ Jisoo ,Jennieရှေ့၌ကာလိုက်သည်။
"မဖယ်နိုင်ဘူးအန်တီ! Jennieကိုထိခိုက်အောင်ထပ်ပြီးမလုပ်ပါနဲ့"
Jisooသည် Jennieနာကျင်စေဖို့လုံးဝခွင့်မပြုနိုင်ခဲ့။
"ဖယ်နေလို့ပြောနေတယ်နော် Jisoo မင်းနဲ့ဘာမှမဆိုင်ဘူး"