မြို့လေးတစ်မြို့ရှိတယ်။ အဲ့ဒီမြို့လေးဟာသိပ်မထင်ရှားဘူး Seoulမှာနေတဲ့လူတွေဆို ဒီမြို့လေးကိုရှိလို့ရှိမှန်းတောင်မသိကြလေဘူး ။ ဒါပေမယ့် ဒီမြို့လေးကအေးချမ်းတယ်။ စည်းကမ်းရှိတယ် လူနေအိမ်တွေကသပ်ရပ်ပြီးသန့်ရှင်းတယ်။
မြို့လေးထဲ ဝင်ဝင်ချင်းမှာ တံတားတစ်စင်းရှိတယ်။ တံတားဆင်းရင်တော့ လမ်းသွယ်လေးနဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ စိမ်းဖြာနေတဲ့ယာခင်းတွေရှိတယ်။ အဲ့ဒါအပြင် ပြောင်းဖူးခင်းတွေ ဖရဲခင်းတွေ လိမ္မော်ခြံ ရာဘာခြံ စသည်ဖြင့် မြို့လေးဟာ သူ့ဟာနဲ့သူလည်ပတ်နေတယ်။
မြို့ထဲမှာဆိုရင် ဆိုင်တွေ ကနားတွေတော့ များများစားစားမရှိလေဘူး။ စားသောက်ဆိုင်တစ်ဆိုင်ရယ် Americano ,Expressoရယ်လို့Menuမှာရေးထားပေမယ့် ဘာမှာမှာ ရိုးရိုးcoffeeအရသာအတိုင်းပဲလာချပေးတဲ့ကော်ဖီဆိုင်ရယ်နဲ့ စတိုးဆိုင်နှစ်ဆိုင်လောက်ပဲရှိတယ်။ မြို့ရဲ့အနောက်ဘက်မှာဆိုရင် သစ်ပင်ကြီးတွေထူထူထဲထဲပေါက်နေတဲ့တောင်တန်းတွေရှိတယ် တောင်တွေရဲ့အခြေမှာ မီးရထားလမ်းနဲ့ မျက်နှာချင်းဆိုင်မှာစာသင်ကျောင်းရှိတယ်။ ဒီမြို့ရဲ့ ဆောင်းဟာ ဆိုးလ်မြို့ထက်ပိုအေးတဲ့ ရာသီဖြစ်ပြီး အဲ့ဒီလတွေဆို လူတွေက အလုပ်တွေကိုခပ်မြန်မြန်လုပ်ပြီး ပုံမှန်ထက်ပိုစောစောအိမ်ပြန်နားတတ်လေတယ်။မနက်စောစောဝေလီဝေလင်းမှာ သူမဟာအိပ်ယာထပြင်ဆင်ပြီး အိမ်ကထွက်ရန်ပြုသည်။ မသွားခင်မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သူမရဲ့မိန်းကလေးကို စောင်သေချာပြန်ခြုံပေးပြီး ပါးပြင်လေးကိုမနိုးအောင် ဖွဖွနမ်းပြီး အိမ်ပြင်ထွက်သွားတယ်။
ဆိမ့်ပြီးချမ်းတဲ့ အထိအတွေ့အကြောင့် အနွေးထည်ထူထူထဲ လက်နှစ်ဖက်ထည့်ပြီး ခပ်သွက်သွက်လျှောက်လာခဲ့တယ်။
'LiLy Breaky' လို့နာမည်တပ်ထားတဲ့ဆိုင်လေးထဲပြေးဝင်သွားပြီး ဒီတစ်နေ့စာအတွက်မုန့်တွေကို စတင်ပြင်ဆင်လေတယ်။မနက် 7နာရီမှာစဖွင့်တဲ့ဆိုင်ဆိုပေမယ့် 6နာရီလောက်ထဲက ဖြတ်သွားဖြတ်လာလူတွေဟာ ဆိုင်ထဲကိုလှည့်တကြည့်ကြည့် ။ ကော်ဖီရနံသင်းသင်းလေးရယ် ပေါင်မုန့်ရနံမွှေးမွှေးလေးရယ်က မနက်စာစားဖို့ လူတိုင်းကိုသတ်ိပေးနေသယောင်ရှိတယ်။