"လက်စသတ်တော့ broက Friend Zoneထဲမှာပိတ်မိနေတာကို"
မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Rosieကဒီလိုပြောလာတော့ Lisaခေါင်းခါလိုက်ပြီးမျက်စိရှေ့ကbeerခွက်ကိုတစ်ဝက်ကျိုးအောင်အထိမော့လိုက်သည်။
"ပိတ်မိတယ်ဆိုတာထက် မရုန်းနိုင်တာ။ အဓိကကငါပါပဲ။ လွန်ခဲ့တဲ့၂နှစ်ကသရဲဘောကြောင်ခဲ့တဲ့အကျိုးတွေလေ"
"အခုထိလည်းသရဲဘောကြောင်နေတာပါပဲ။ ဘေးလူအနေနဲ့မြင်ရသလောက်တော့Kim Jennieက နောက်ဆုံးထိမျှော်လင့်နေခဲ့တာ။နောက်ဆုံးအထိနော်သိလား။ နင်လေဆိပ်အထိလိုက်လာပြီးပြောမယ့်စကားက သူရဲ့မျှော်လင့်ချက်ပဲ"
"ငါဘာလုပ်နိုင်မှာလဲ သူ့ဘေးမှာလည်းသူကိုယ်တိုင်မိတ်ဆက်ပေးထားတဲ့သူ့ရည်းစားနဲ့လေ။ သူငါ့ကိုမေ့နိုင်သွားလို့ ရည်းစားထားတာပေါ့"
၂နှစ်လုံးလုံးစိတ်ဒုက္ခတွေနဲ့ လုံးလည်လိုက်နေရတာငါလေ သူကတော့ရည်းစားတွေဘာတွေတောင်ထားလို့ အဲ့တာကိုမျှော်လင့်ချက်တွေထည့်ပြောလာတော့ Lisaဘယ်လိုမှလက်မခံနိုင်။
"အဲ့တာကအရွဲ့တိုက်ရုံသက်သက်ပဲလို့ငါထင်တယ်"
"ရွဲ့တာပေါ့လေ။ Kim Jennieက ရွဲ့ဖို့ကြတော့တကူးတကတောင်လာတတ်တယ်နော်။ ပြောသွားသေးတယ် Californiaကိုကြ သူ့လူရှိလို့လာဖြစ်မှာပါတဲ့ San Franciscoကိုတော့ ကြုံရင်ဝင်ခဲ့မယ်တဲ့ Kim Jennie..Kim Jennie နင်ကတော်တော်ကိုမိုက်ရိုင်းလွန်းတာ"
Lisaကြိတ်မနိုင်ခဲမရဖြစ်စွာပြောပြီး လက်ကျန်beerကိုအကုန်မော့သောက်လိုက်သည်။
"စိတ်လျော့ပါ။ နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်စိတ်မရှိကြတာလဲမဟုတ်ပဲ ဒီလိုတွေဖြစ်နေတာစိတ်မရှည်ချင်စရာကောင်းတာပဲ "
Lisaရင်ထဲမှာဆို့နင့်ပြီးငိုချင်လာပြန်သည်။
ဒီလောက်ထိလွဲချော်မယ်မှန်းကြိုသိခဲ့ရင် San Franciscoကိုထွက်သွားဖို့ငါအများကြီးစဥ်းစားခဲ့မိမှာ ဒါမှမဟုတ်ရင်လည်းနင်ပြောတာကိုလက်ခံခဲ့မှာ။" 'နင်တစ်ကယ်သူငယ်ချင်းပဲဖြစ်ချင်တာလား'လို့သူမေးခဲ့တုန်းက ချစ်သူတွေဖြစ်ချင်ပါတယ်လို့ငါပြန်မပြောနိုင်ခဲ့ဘူးလေ။ ငါ သူ့ကိုချစ်ပါတယ်။ အတည်တကျချစ်သူတွေတွေပဲမဖြစ်ရဲတာ။
ဘာကိုတွေးကြောက်ခဲ့သလဲဆို မတည်မြဲတဲ့ထာဝရဆိုတာကိုပဲ ဒါကြောင့်ပိုခိုင်မြဲတဲ့ဆက်ဆံရေးကိုငါရွေးချယ်ခဲ့တာYoungie"