နွေ ပိုင်ဆိုင်တဲ့ညနေခင်းရဲ့ တိမ်ကင်းစင်တဲ့နေ့ပဲဖြစ်သည် ။
ကောင်းကင်တစ်ခုလုံးဟာ ပြာလွင်နေပြီး နေရောင်ခြည်ကအနောက်အရပ်သို့ခပ်ပျပျထိုးကျနေသည် ။
ခြံထဲက သစ်ပင်အကြီးကြီးရဲ့ကြွေကျပြီးသားအရွက်ဝါကျဥ်ကျဥ်တွေက လေပြင်းပြင်းနှင့်အတူ ဘယ်ဆီဘယ်မှန်းမသိ ဝဲလွင့်နေသည် ။
သဘာဝတရားက ပေးအပ်ထားတဲ့နှစ်လိုဖွယ်ရာအချက်တွေဟာ ကမ္ဘာပေါ်မှာမရေတွက်အောင်ရှိနေတာပါပဲ ။
ထပ်မံ့၍ တိုက်ခက်တဲ့လေနုအေးနဲ့ လှုပ်ခက်သွားတဲ့သစ်ရွက်တွေရဲ့တေးသံနှင့် ရောနှော၍ သာယာနာပျော်ဖွယ် စန္ဒယားသံကအိမ်ကြီးရဲ့အပေါ်ဆုံးထပ်ကနေ ပျံ့လွင့်နေသည် ။ဖြူသွယ်သွယ်လက်ချောင်းလေးတွေရဲ့စေစားရာအတိုင်း စီးချက်ကျကျကခုန်နေတဲ့ စန္ဒယားခလုတ်တွေကနေတစ်ဆင့် ထွက်ပေါ်လာတဲ့နူညံ့တဲ့သံစဥ်တေးသွားက လူတိုင်းအပေါ်ညှို့ယူဆွဲငင်စေနိုင်သည်။
"ကျွီ !"
ခြံထဲသို့တစ်ရကြမ်းထိုးစိုက်တဲ့ ကားသံအကြားမှာ စန္ဒယားပေါ်လှုပ်ရှားနေတဲ့ Jennieရဲ့လက်တွေဟာ တုန့်ခနဲရပ်သွားသည်။
ဖြစ်လာမယ့် အဆိုးတွေကို ရင်ဆိုင်ဖို့စိတ်ကိုသာအသင့်ပြင်ဆင်လိုက်သည်။
သိပ်မကြာလိုက် အခန်းတံခါးကိုဆောင့်ဖွင့်၍ ဝင်ချလာတဲ့ မာမီကြောင့် Jennieမတ်တပ်ထရပ်၍ခေါင်းငုံ့ထားလိုက်သည်။"နင်ကတော်တော်ကိုစိတ်ပျက်စရာကောင်းတယ်Jennie"
ဒီအပြောတွေကိုအစတည်းက ကြိုတွက်ထားပြီးသားမလို့ Jennieဘာမှတောင်သိပ်မခံစားရပါဘူး။
"နင့်ကိုငါမျှော်လင့်ထားသမျှအကုန်အလကားပဲ။ နင်ကငါ့ကိုတမင်အရွဲ့တိုက်နေတာ"
မာမီတတ်စေချင်တဲ့ ဆေးတက္ကသိုလ်မဝင်နိုင်ခဲ့တာဟာ မာမီကိုရွဲ့တာမဟုတ်မှန်း အခွင့်ကြုံရင်တော့ရှင်းပြချင်ပါတယ် ။
"နင့်ကိုငယ်ငယ်လေးတည်းက လိုလေသေးမရှိအောင်ထားထားတာ ဒီလိုတက္ကသိုလ်တတ်ဖို့မဟုတ်ဘူး နင့်ကိုဆရာဝန်ဖြစ်စေချင်လို့ နားလည်လား"
"Jenကိုဆရာဝန်ဖြစ်စေချင်တာ Jenအတွက်လား မာမီ့အတွက်လား"
မျက်နှာကိုမော့၍ ခပ်ငေါ့ငေါ့လေးပြောတော့ မာမီ့မျက်နှာပို၍တင်းမာသွားသည်။