တစ်ယောက်ကိုချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုလုံးကို အရက်ခွက်ထဲမှာဆိမ်သောက်ပစ်ဖို့ တစ်ကယ်တမ်းမှာသတ္တိမရှိခဲ့ဘူး။
မှန်ပါတယ် Kim Jennieနဲ့ပြန်လည်ဝေးကွာသွားတဲ့၂နှစ်တာကာလမှာ move onပစ်ဖို့Lisaကြိုးစားခဲ့တယ်။"အရက်သောက်မှာလား ရေခဲရည်သောက်မှာလားHoney "
ဝီစကီခွက်ထဲကရေခဲတွေအရည်ပျော်သွားတိုင်း ရေခဲတုံးတွေထပ်ထပ်ထည့်နေတဲ့ Lisaကို ဘေးမှာထိုင်နေတဲ့ အသစ်စက်စက်ရည်းစားလေးကဆိုလာသည်။ Lisaပြုံးလိုက်သည်။ တစ်ကယ်က ဘာတွေးလို့တွေးမိနေမှန်းမသိတာ။
"ဒီနေ့အရက်သောက်ဖို့ကိုစိတ်မပါဘူးဖြစ်နေတာ"
"ဟင်! ဘာဖြစ်လို့လဲ"
မီးခိုးရောင်မျက်လုံးဝိုင်းလေးတွေနဲ့ ရွှေဝါရောင်ဆံပင်လေးတွေ ဖြန့်ချထားတဲ့သူမဟာဝီစကီထက်ပို၍ယစ်မူးချင်စရာကောင်းသည်။
"Babeက အရက်ထက်ပိုပြီးဆွဲဆောင်မူ့ရှိနေလို့လေ"
စိတ်ထဲကပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ကိုယ့်ချစ်သူတစ်ယောက်ရဲ့အမေးကို ရိုမန့်တစ်ဆန်ဆန်ဖြင့် Lisaဖြေရှင်းလိုက်သည်။
သူမက Lisaပါးကိုဖြတ်ခနဲနမ်းသည်။
Lisaက ပြုံး၍သာငြိမ်နေပေမယ့် ဘေးဝိုင်းကYougieက မျက်လုံးပင့်၍ပြုံးစိစိလုပ်ပြသည်။
ဒီမိန်းကလေးနဲ့ချိတ်ဆက်ပေးတာလည်း Youngieကိုယ်တိုင်ပင်ဖြစ်သည်။
စိတ်ပြေလက်ပျောက် ရည်းစားထားရင်ကောင်းမလားဆိုတဲ့Lisaရဲ့အတွေးကိုအကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်သည်။သီချင်းငြိမ့်ငြိမ့်လေးတွေဖွင့်တတ်ပြီး Vintageဆန်ဆန်Barလေးမှာ သိပ်လှတဲ့မိန်းကလေးတစ်ဦးနှင့်အတူထိုင်နေရတဲ့သောကြာနေ့ညလေးဟာပြီးပြည့်စုံရဲ့လားLisaမစဥ်းစားမိ။ ဘာလိုလို့ လိုနေမှန်းလည်းမသိ။ အတူတူရှိနေတဲ့ချစ်သူရည်းစားကိုလည်းဘာပြောလို့ပြောရမှန်းမသိ။
သီးချင်းတစ်ပုဒ်ပြီးအဆုံးမှာ နောက်ထပ်သီချင်းတစ်ပုဒ်အဖြစ် Machine Gun Kellyနဲ့ Camila Cabelloတို့ရဲ့ Bad Things သီချင်းပေါ်ထွက်လာသည်။
ဘေးက Lisaရဲ့ကောင်မလေးကတော့ Lisaကိုသဘောကျကြောင်းတွေနဲ့ သူမရဲ့အကြောင်းတွေကိုစိတ်ရှည်လက်ရှည်ပြောပြနေသည်။