တီ~~ တီ
ဆေးရုံသွားကာနီးမှ တုန်ခါလာတဲ့ဖုန်းသံကြောင့် Jisooအလုပ်ရှုပ်နေရင်းမှဖုန်းကိုင်လိုက်သည်။
"Hello"
"သမီး..Jisooရေ အန်တီ Lisaအမေပါ"
"ဟုတ်ကဲ့ အန်တီ"
Lisaအမေဖြစ်နေသည်မလို့ Jisoo ဂရုတစိုက်နားထောင်လိုက်သည်။
"သမီးညီမလေ။ ဘာဖြစ်သလဲမသိပါဘူး။ ပြန်ရောက်လာတုန်းကခပ်ကောင်းကောင်း။ နောက်ရက်တွေကြမှ ထမင်းမစားပဲအရက်တွေကြီးပဲလှိမ့်သောက်နေတာ ။ အဲ့တာကြောင့်ဗိုက်အောင့်တယ်အောင့်တယ်နဲ့ ၃ရက်လောက်ရှိပြီ။ ဒီနေ့တော့ အန်တီသူ့ကိုမဖြစ်မနေသမီးရှိတဲ့ဆေးရုံသွားခိုင်းထားတယ်။ အန်တီလိုက်ချင်တာကို သူ့ဘာသူဖြစ်တယ်ဆိုလို့သမီးရေ သမီးညီမကိုတစ်ချက်လောက်ကြည့်ပေးလိုက်ပါဦး"
"ဟုတ်အန်တီ စိတ်ချပါ။ သမီးကြည့်ပေးလိုက်ပါ့မယ်"
Jisoo, Lisaကိုအတော်စိုးရိမ်သွားသည်။
ဖြစ်နိုင်တာ Jennieနဲ့ရန်တွေဖြစ်ထားသလား။
Jisoo ဆေးရုံသို့မြန်မြန်သွား၍ Jisoo၏သူငယ်ချင်း အစာအိမ်နဲ့အူလမ်းကြောင်း ဆရာဝန်ဆီသို့ချိတ်ပေးခဲ့သည်။သိပ်ချစ်ခဲ့ဖူးပေမယ့် ဘယ်တော့မှပြန်မလိုချင်တော့တဲ့ လူတစ်ယောက်ဖြစ်တယ်။ အပြီးအပိုင်ရုန်းထွက်လိုက်ဖို့လည်း အဲ့ဒီလူအတွက်စိတ်မချသေးတာက ခပ်ခက်ခက်ရယ်။ အတ္တစိတ်မပါပဲ ကိုယ်သိပ်ချစ်တဲ့သူတို့နှစ်ယောက်ပေါင်းဖက်ရဖို့သာရည်ရွယ်ပါတယ် ။ ဒါကိုမေတ္တာတရားလို့သာဖွင့်ဆိုပါမယ်။
မေတ္တာရှိသည်။ သူမလှည့်ကြည့်လိုက်တိုင်းမှာမေတ္တာတရားတို့ရှိရမည်။"Hello Jisoo! "
"အေး Minyoung Lisaအခြေအနေကဘာတဲ့လဲ"
"အစာအိမ်ရောင်နေတာ။ ငါသူသောက်ရမယ့်ဆေးတွေနဲ့ လုပ်ရမှာတွေအကုန်ပြောလိုက်တယ်။ တခြားတော့ကြီးကြီးမားမားမရှိဘူးစိတ်မပူနဲ့။ အဓိကက အရက်ဆက်မသောက်ဖို့နဲ့ အစားကိုဂရုတစိုက်စားဖို့ဆေးပုံမှန်သောက်ဖို့ပဲ"
"ကျေးဇူးပဲ "
"Unnie......!"
Minyoungဆီက ဖုန်းချအပြီးမှာ Unnieလို့အသံရှည်ဆွဲခေါ်ပြီး Lisaက Jisooအခန်းအတွင်းရောက်ရှိလာခဲ့သည်။