အဲ့ဒီနေ့က ကျောင်းပတ်ရက်။ တစ်ချို့တွေကလျှောက်လည်ကြပြီး တစ်ချို့တွေကတော့မိသားစုတွေလာတွေ့ကြသည်။
နာယောင်းကိုတော့ သူအိမ်ကမုန့်တွေပို့လိုက်သည်။ ဂျူရီက စာကြည့်ခုံမှာစာရေးနေခဲ့ပြီးဂျီနာနဲ့ယွန်မီကတော့မရှိ။"ဂျူရီ...!နင်ဘယ်မှမသွားဘူးလား"
နာယောင်းက ဂျူရီနားတွင်ရပ်လျှက်ပြောသည်။
"ဟင့်အင်း မသွားဘူး"
"ငါ့အိမ်ကဖက်ထုတ်တွေပို့လိုက်တာအများကြီးပဲ စားပါလား"
ဖက်ထုတ်တွေပလုတ်ပလောင်းဝါးရင်း နာယောင်းကထပ်ပြောသည်။
"နင့်ဘာနင်ပဲ ဝအောင်စားပါ"
"နင်ကလည်းအများကြီးကို ငါတစ်ယောက်တည်းဘယ်လိုကုန်မှာလဲ။ စားပါဆို ဂျူရီ"
နာယောင်းကခန္တာကိုယ်လေးယမ်းကာပြောနေတော့ ရုတ်တရက် ဂျူရီကနာယောင်းလက်ကိုဆွဲကာ သူမပေါင်ပေါ်သို့ထိုင်စေလိုက်သည်။
"ဘာလုပ်တာလဲဂျူရီ"
"မျက်စိနောက်လို့ ငါ့ပေါင်ပေါ်မှာပဲထိုင်နေ"
မျက်စိနောက်တယ်အပြောခံရလို့လားမသိ နာယောင်းနှုတ်ခမ်းဆူသွားသည်။ ထို့နောက်ဖက်ထုတ်တွေကိုပလုတ်ပလောင်းနှင့်ဆက်စားသည်။
"နာယောင်း..နင်က ကလေးလား"
"ဘာလို့လဲ"
နာယောင်းက ခပ်ဆက်ဆက်ပြန်ပြောတော့ ဂျူရီက နာယောင်းနှုတ်ခမ်းတွေကိုစိုက်ကြည့်သည်။
"ပါးစပ်မှာအချဥ်တွေပေအောင်စားလို့လေ"
ဂျူရီကပြောရင်း နာယောင်း နှုတ်ခမ်းနားကပေနေသည့်အချဥ်တွေကို လက်မနှင့်ခပ်ဖွဖွပွတ်ဆွဲပြီးသုတ်ပေးလိုက်သည်။
အမူ့မဲ့အမှတ်မဲ့ နာယောင်း ဂျူရီကိုငေးကြည့်နေမိတော့ ဂျူရီကလည်း နာယောင်းကိုပြန်လည်ငေးစိုက်နေသည်။
ဂျူရီရဲ့လက်ကနာယောင်းရဲ့မျက်နှာသေးသေးလေးကိုအုပ်ကိုင်ထားသည်။ ထို့နောက် အဲ့ဒီမျက်နှာသေးသေးလေးကိုဆွဲယူ၍ ဂျူရီရဲ့နှုတ်ခမ်းပါးတွေနဲ့ထိတွေ့ ငုံထွေးလိုက်သည်။
ဂျူရီက ငါ့ရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်နေတာလို့ အသိစိတ်ကသတိပေးနေခဲ့ပေမဟ့် နာယောင်း အဲ့ဒီ့အနမ်းတွေကရုန်းမထွက်နိုင်ခဲ့တာအသေအချာပင်။
ဒါပေမယ့် သူတို့မသိခဲ့တာက အခန်းအဝမှာ အဲ့မြင်ကွင်းကိုမြင်တွေ့သွားခဲ့သည့်ဂျီနာကိုပင်။