'ခေါင်းစီးကွင်းတစ်ခုနဲ့ မာနိုဘန်မှားယွင်းခြင်းအစ'
ရာသီဥတုက နေမပူမိုးမရွာ တစ်ချက်တစ်ချက်တိုက်ခက်တဲ့လေကတော့ခပ်အေးအေးရယ်။
ကျောင်းရှေ့ကို မနက်အစောကြီးကတည်းကရောက်နေခဲ့သော်လည်း ကျောင်းထဲမဝင်သေးပဲ ကားထဲမှာထိုင်နေတာ တော်တော်တောင်ကြာနေပြီဖြစ်သည်။ကိုယ်နဲ့ ကျောင်းဝတ်စုံတူ ဝတ်ထားတဲ့ကျောင်းသူကျောင်းသားအများအပြားကို ကားမှန်တစ်ဆင့်ငေးကြည့်နေတာလဲတော်လောက်ပြီ ။ ကျောင်းမတတ်ခင်တော့ ကျောင်းထဲရောက်မှဖြစ်မယ် ဆိုတဲ့စကားကို အတွေးထဲမှာသာဖြစ်တည်စေပြီး သက်ပြင်းခပ်တိုးတိုးကိုအသာချလိုက်သည်။
တစ်ခေါင်းလုံးလှိုင်းတွန့်ပုံသဏ္ဍန်ကွေးကောက်နေတဲ့အနက်ရောင်ဆံပင်များကိုလက်ဖြင့်သက်ကာ ရင်ဘက်က Saebomကျောင်းတံဆိပ်နှင့် Kim Jennieအမည်ရှိနာမည်ကဒ်ကို သေချာတည့်မတ်လိုက်ပြီး လွယ်ထားသောကျောပိုးအိတ်ကြိုးအားကျစ်နေအောင်ကိုင်၍ ကျောင်းမြေပြင်သို့စတင်ခြေထောက်ချလိုက်သည်။
လေအဝှေ့မှာလွင့်နေသောဆံပင်များက မျက်နှာကိုရိုက်ခက်သည့်နောက် စိတ်ရှုပ်ထွေစွာဘေးအိတ်ထဲကသားရည်ကွင်းတစ်ခုကိုဆွဲထုတ်၍ ဆံပင်တွေက်ိုဖြစ်သလိုစီးနှောင်ပစ်လိုက်သည်။ငါက ၁၇နှစ်အရွယ်သာမန်ကျောင်းသူတစ်ယောက်ပါပဲ ။အထက်တန်း ဒုတိယနှစ်တောင်ရောက်နေပြီဖြစ်လည်း အပေါင်းအသင်းဆိုလို့ နောက်ဆုံးနှစ်က စီနီယာအစ်မတစ်ယောက်ကလွဲ တစ်ယောက်တစ်လေတောင်မရှိတဲ့ လူတစ်ယောက်။ အထီးကျန်ကျောင်းသူလို့သတ်မှတ်နိုင်ပေမယ့် တစ်ကယ်တော့ငါကနည်းနည်းလေးမှအထီးမကျန်ခဲ့ပါဘူး။
ကျောင်းဝင်းထဲကတစ်ဆင့် ကျောင်းဆောင်ထဲရောက်သည်အထိ ဘေးဘီဝဲယာဘယ်မှမကြည့်ပဲ Class Aဖြစ်တဲ့သူမရဲ့အခန်းကိုသာတန်းမတ်စွာလျှောက်သွားသည်။ ကျောင်းသားအများအပြားကိုရှောင်ရှားသွားရင်း စာသင်ခန်းအနားသို့အရောက်တွင်
"ထောက် !"
"အ !"
နောက်ကျောဘက်၌ 'အ!'ခနဲအော်သံတစ်ခုနှင့် စီးထားသောခေါင်းစည်းကွင်း ပြက်ထွက်သွားပြီး ဆံပင်များသည်ပုခုံးထက်ဝေ့ဝဲကျလာသည်။
လှည့်ကြည့်လိုက်တော့ လည်ပင်းကိုပွတ်၍ရပ်နေသောကောင်မလေးတစ်ယောက်ကိုတွေ့ရှိသည်။အရပ်ကသူမထက်ခေါင်းတစ်လုံးမကပိုရှည်နေသဖြင့် မျက်နှာကိုတကူးတကမော့မကြည့်မိ ခေါင်းစီးကွင်းမှန်သွားပုံရတဲ့ သူမရဲ့လည်ပင်းကိုသာစိုက်ကြည့်ရင်းအတိုချုပ်တောင်းပန်ပြီးလှည့်ထွက်ခဲ့သည်။