Part Seven

695 74 0
                                    

အကြောက်လွန်ပြီး မေ့လဲသွားတဲ့Jennieကိုချက်ချင်းဆေးရုံတင်ခဲ့ရပြီး Lisaမှာအတော်လေးစိတ်ဖိစီးခဲ့ရသည်။
ဆေးရုံရောက်ကတည်းကတောက်လျှောက် ကျောင်းဝတ်စုံတောင်မလဲနိုင်ပဲ jennieအနားမှာရှိနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်နေခဲ့လေသည်။

"Jennie ! တောင်းပန်ပါတယ် နင်ဒီလောက်ဖြစ်သွားမယ်မထင်ခဲ့လို့"

ဆေးသွင်းထားတဲ့အရှိန်နဲ့အိပ်ပျော်နေတဲ့ Jennieဘေးငူငူလေးထိုင်လျှက် ထပ်တလဲလဲတောင်းပန်နေသည်။

"သမီး Lisa! ဘယ်လိုဖြစ်ရတာလဲ"

ဆေးရုံအခန်းထဲအလောတကြီးရောက်လာတဲ့မိခင်ဖြစ်သူကြောင့် Lisaမှာ အားတတ်သွားသည်။

"မေမေ..Jen Jenကလေ သမီးကြောင့်.."

"Jen ဘယ်လိုဖြစ်တာလဲLisa"

ရေးကြီးသုတ်ပြာနဲ့ ထပ်ရောက်လာသူမှာ Jisoo Unnieဖြစ်ပြီး Unnieမှာ အပြင်တစ်နေရာရောက်နေရာက တန်းလာခဲ့ပုံပေါ်သည်။

"Unnie ~~ "

"နင်တို့နှစ်ယောက် ဒီလိုပေါက်ကရတွေလျှောက်မလုပ်ဖို့ ဘယ်လိုပြောမှရတော့မှာလဲ"

"Unnie...အခုကိစ္စက Liliကြောင့် Liliအတင်းခေါ်လို့ Jenလိုက်ရတာပါ။ ပြီးတော့ အခုလိုဖြစ်မယ်လဲမထင်လို့ "

တစ်ဖြည်းဖြည်းတိမ်ဝင်သွားတဲ့အသံတွေနောက် Lisaက မျက်ရည်တွေဝေ့သီ ကျဆင်းလာခဲ့သည်။
Jisooမှာ ဆူနေတာရပ်ပြီး Lisaပုခုံးလေးအားဖက်ရင်းသာ နှစ်သိမ့်ပေးရတော့သည်။

"အင်းပါ။ ဟုတ်ပါပြီ ။Unnieသိပြီ မငိုနဲ့တော့နော်"

jennieက နောက်တစ်နေ့မနက်မှာ နိုးလာခဲ့ပြီးစိတ်ဆိုးနေကြောင်း စကားမပြောပဲသက်သေပြတော့ မျက်နှာငယ်နဲ့ ချော့ရသူမှာLisa။
ဝယ်လာတဲ့ မုန့်တွေလည်းတစ်ခုမှာမစားနဲ့ မျက်နှာတည်ကြီးနဲ့ စိတ်ကောက်တော့ ပိုလို့ပင်ဝမ်းနည်းလာသည် ။ ဘယ်လောက်ပဲစစ တစ်ခါမှဒီလောက်စိတ်မဆိုးဖူးတော့ တစ်ကယ်လန့်ရသည်။
စိတ်ဆိုးအောင်လုပ်မိတော့လည်း မရမချင်းချော့ရမှာပဲဆိုတဲ့စိတ်နဲ့သာစိတ်ရှည်ရှည်နဲ့ချော့ရတာ Jennieမက ဒေါသထွက်ရင်တစ်ကယ့်ကြောက်စရာ။

Polaride LoveWhere stories live. Discover now