Part Sixteen

780 67 4
                                    

Jennieနဲ့ Sujinရဲ့ မပြေလည်မူ့တွေကိုရပ်တန့်စေချင်သည့်Lisaရဲ့ စိတ်ရင်းက Jennieကိုပျော်စေချင်တာကြောင့်သာ ဖြစ်ပေသည်။မည်သည့်ပရောဂနဲ့မှ Jennie စိတ်မပြေလည်တာမဖြစ်စေချင်သည်။
ဒါပေမယ့် Lisa၏ထိုစိတ်ဆန္ဒသည် ဒီခရီးစဥ်မှာတော့ဖြစ်နိုင်ဖို့ရာမလွယ်ပေ။

ညဘက် အိပ်ချိန်တွင်Sujinက Lisaနဲ့Jennieရဲ့ကြားထဲဝင်၍ Lisaကိုအတင်းကပ်အိပ်သည်။
ဒါသည် Lalisaအတွက် ဘယ်လိုမှအဆင်မပြေတော့ပါ။ Sujinက စည်းတစ်ခုကိုကျော်နေပြီလို့ယူဆမိသည်။ Jennieက ထိုင်နေလျှက် Sujinကိုအမြင်မကြည်စွာကြည့်သည်။ စိတ်ပျက်စွာဖြင့် Lisa ထထွက်တော့ Sujinကလက်ကိုဖမ်းဆွဲသည်။ ပြက်သားစွာပင်Lisa ပုတ်ချပစ်လိုက်သည်။

"အသားချင်းထိရင် ငါမအိပ်တတ်ဘူးSujin..sorry!"

Lisa တဲအပြင်သို့ထွက်လိုက်သည်။ မနီးမဝေးတစ်နေရာမှာထိုင်၍ လေကောင်းလေသန့်ကိုတစ်ဝရူရှိုက်သည်။ တောင်ပေါ်မှာဖြစ်၍ ရာသီဥတုက ဆိမ့်၍အေးသည် အနွေးထည်မပါသည့်Lisa ကိုယ်လေးကျုံ့သွားသည်။ စိတ်ကတော့ ခုနကထက်စာလျှင် လန်းဆန်းသွားလေသည်။ ပင်ပန်းခဲ့သမျှစိတ်တွေလွှတ်ချလိုက်မိသလို ပေါ့ပါးမိပါသည်။
အချိန်အနည်းငယ်အကြာမှာ Lisaကိုယ်ပေါ်သို့ အနွေးထည်တစ်ထည်ပြုတ်ကျလာသည်။
Lisaမော့ကြည့်လိုက်တော့ ကော်ဖီနှစ်ဗူးကိုလက်တစ်ဖက်ထဲမှာ ကိုင်ထားတဲ့Jennieကိုတွေ့ရသည်။ Jennieက ကော်ဖီတစ်ဗူးကိုLisaအားပေး၍ ဘေးမှာထိုင်လိုက်သည်။

"နင် အသည်းကွဲနေတုန်းလားLisa"

Lisaရယ်သည်။ ရယ်စရာမကောင်းပေမယ့် ရယ်ပစ်သည်။

"အစကတော့ငါအရမ်းခံစားခဲ့ရပေမယ့် Unnieဆုံးဖြတ်ချက်ကို ငါလေးစားရမှာပေါ့"

"နင် Unnieကိုစိတ်ဆိုးနေမှာစိုးတာ "

"ငါစိတ်မဆိုးပါဘူး Unnieလည်းသေချာစဥ်းစားပြီးမှဆုံးဖြတ်တာနေမှာ။ ဘယ်လိုဖြစ်ဖြစ်လေ Unnieလည်း အဆင်ပြေနေသလို ငါကလည်းဒီပုံစံ ဒီအတိုင်းပါပဲ "

Jennie ..Lisaမျက်နှာကိုကြည့်ရင်းပြုံးလိုက်သည်။ Lisa စိတ်ထားတဲ့ပုံစံကို သဘောကျသွားပုံရသည်။

"အင်း Lisa ငါတို့သုံးယောက်လုံးက အရင်းနှီးဆုံးလူတွေပဲမလား အဲ့တာကြောင့် ဆက်ဆံရေးတွေစိမ်းသက်သွားမှာငါမလိုလားဘူး"

Polaride LoveWhere stories live. Discover now