နေ့တစ်နေ့က တစ်ခဏချင်းကုန်ဆုံးသွားပြီး ဘက်ကာ ကြောက်ရွံ့နေရသည့် အချိန်ကလည်း နီးကပ်လာလေပြီ.... နာဗီယာဆီက သူမ မလွှတ်မြောက်မှန်း ဘက်ကာ ကောင်းကောင်း သိလေသည်။ ထို့ကြောင့် သူမသည် ထိုအရာမှ လွတ်မြောက်ရန် ကြိုးပမ်းမှုအား လက်လျော့လိုက်ပြီး ထို သီချင်းသံများကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူမ အဲ့နေရာမှာ အမြဲတမ်းနေရမှာမှ မဟုတ်တာ...ခဏပဲလေ... မှန်တယ်ဟုတ်??? ဒါပေမယ့် ထိုနာရီအနည်းငယ်က သူမအတွက်တော့ ငရဲ ကျနေသလိုပင်...နာဗီယာက သူမကို ဒီထက်ပိုပြီး ထူးဆန်းသည့် ရူးကြောင်ကြောင် အလုပ်များကို မလုပ်ခိုင်းသည့် အတွက်တောင် ရှိခိုးချင်မိခဲ့သည်။
ညနေ အလုပ်ဆင်းပြီးနောက် သူမ အိမ်သို့ပြန်လာခဲ့သည်။ နာဗီယာ လာခေါ်ဖို့ နှစ်နာရီသာ လိုတော့တာကြောင့် ဘက်ကာသည် ညနေစာစားပြီး ခဏလောက် ခဏဖြုန်းခဲ့သည်။ Instagram ကြည့်နေချိန်တွင် နာဗီယာဆီမှ မက်ဆေ့ခ်ျ တစ်စောင် လက်ခံရရှိပြီး ထိုစာအားဖတ်ပြီးနောက် ပြန်ပြောရမည့်စကားကိုတွေးနေခဲ့သည်။
နာဗီယာ: 'အဆင်သင့် ဖြစ်ပြီးလား?'
ဘက်ကာ: ' မဖြစ်သေးဘူး။ ငါ ဘာဝတ်ရမှန်း မသိဘူး .'
ဘက်ကာသည် သူမ၏အဝတ်ဗီဒိုဆီသို့ လျှောက်လာကာ ဖွင့်လိုက်သည်။ အရောင်မျိုးစုံ ဂါဝန်များြ သူမရှေ့တွင် ပေါ်လာသော်လည်း ဘက်ကာအား မဆွဲဆောင်နိုင်ခဲ့ပေ။ ကလပ်သွားရန် အသင့်တော်ဆုံး ဝတ်စုံအားရွေးချယ်ရန် သူမလက်များက ပြေးလွှားနေသော်လည်း တစ်ထည်မှ မနှစ်သက်ခဲ့ပေ။ သူမ၏ ဝတ်စုံအများစုသည် ရုံးသွားသည့် ပုံစံများပင်ဖြစ်ေလသည်။ လက်ကာသည် လူရှေ့ထွက်ပြီး ဓာတ်ပုံအရိုက်ခံရသည့် ပါတီပွဲများနှင့် ကလပ်လို နေရာမျိုးကို သွားလေ့မရှိသောကြောင့် သူမတွင် ပွဲတက်ဝတ်စုံ များ မရှိခဲ့ပေ။
နာဗီယာ: 'အိုေက ခြေထောက်ပေါ်တဲ့ ဝတ်စုံသာ ရှာဝတ်လိုက် ရိုင်းရိုင်းစိုင်းစိုင်း အဖော်အချွတ်ပုံစံတော့ မဝတ်နဲ့နော်'ဘက်ကာ: ' နင် ကိုယ်နင် ဘာတွေ ပြောနေမှန်းရော သိရဲ့လား?'
ဘက်ကာသည် send ခလုတ်ကို နှိပ်ရင်း ပြုံးလိုက်သည် ။ နာဗီယာက က သူမကို မထီမဲ့မြင်ဖြစ်ေစတဲ့ တစ်ခုခုကို လုပ်ခိုင်းနေတယ်...၊ ဒါကြောင့် သူမကို ရိုင်းစိုင်းပြီး လှောင်ပြောင်တာထက် ပြန်ပက်ဖို့က ပိုကောင်းတဲ့နည်းလမ်းပင်ဖြစ်သည်။ နာဗီယာက သူမကို မခန့်လေးစားလုပ်တဲ့ သူတွေကို မုန်းမှန်း ဘက်ကာ သိတယ်လေ...