ထိုသို့သော စကားလုံးများကို ကျယ်လောင်စွာ မပြောသင့်ပေ။ အထူးသဖြင့် ဒီလို အခြေအနေမျိုးတွင် လီယိုလိုလူမျိုးကို ပင်။သူမဆီက ဒီလိုစကားမျိုးကြားရဖို့အတွက်မည်မျှကြာကြာ စောင့်မျှော်နေသည်ကို ဘုရားသခင်သာလျှင် သိသည်။
သူစောင့်နေခဲ့တယ်....သူမခန္ဓာကိုယ်က သူ့အပေါ် တုံ့ပြန်ပုံ မြင်သည့်တိုင်အောင်သူ စောင့်မျှော်နေခဲ့တယ်....သူမကိုယ်တိုင်သူ့ကို လိုချင်တယ်ပြောလည်း သူစောင့်နေတုန်းပဲ။ သူမကိုယ်တိုင် ပြောတာကို ကြားရဖို့အတွက်မှ မဟုတ်ရင် လီယိုက ဒီလိုအချိန်အကြာကြီး ချုပ်ထားမှာ မဟုတ်ဘူး။
သူမ အရင်တော်တော်ကြာကတည်းက လိုချင်နေမှန်း သူသိနေခဲ့သည်။ သူမ အဲ့တာကို စောင့်ရမ်းကြိုက်လိ့မ်မယ်....
ဒါပေမယ့် သူမပြောတာကို သူကြားချင်နေသည်။ အခုတော့ သူမပါးစပ်က ကိုယ်တိုင် ပြောလာခဲ့ပြီ။ ဒါပြီးရင် လုံးဝနောက်ပြန်ဆုတ်လို့ မရနိုင်ဘူး။
သူမနှုတ်ခမ်းလှလှလေးတွေက သူ့အတွက် တကယ့်ကို ဒုက္ခရောက်ပဲ။
သူမက ယခုအချိန်တွင် ဦးစားပေးကိစ္စများကို ပြောဆိုရန် အကောင်းဆုံးသူမဟုတ်ပါ။ ပထမဦးစွာသူမသည် သူမအစ်မမင်္ဂလာဆောင်တွင် ယောက်ျားတစ်ေယာက်နောက်သို့ လိုက်ခဲ့ကာ ယခု သူမသည် ထိုတူညီသောယောက်ျားနှင့်ပဲ လိင်ဆက်ဆံရန် အလုပ်မှ ပျက်ကွက်ခဲ့ပြီဖြစ်သည်။
ယခု သူမ ဂရုမစိုက်ဘူး။ ဂရုကို မစိုက်ချင်တော့တာဖြစ်သည်။ သူမအာရုံစိုက်ချင်သည့်အရာမှာ သူမအသည်းနုလုံးကို အရည်ပျော်အောင် လုပ်နိုင်သော လီယိုနာဒိုဟုခေါ်သည့့် အမျိုးသားဖြစ်သည်။
သူမရဲ့ ခန္ဓာကိုယ်သည် လီယိုကလွဲရင် ဒီလိုမျိုး အခြားဘယ်သူ့ကိုမှ မတောင့်တခဲ့ဘူးေပ။ သေချာစဉ်းစားကြည့်တော့ သူမကို အပျိုစင်လို့ မယူဆသင့်တော့ပါဘူး။ သူမပါးစပ်ကို သူ့နှုတ်ခမ်းနဲ့ အကြိမ်ကြိမ်နမ်းဖူးတာကြောင့်ဖြစ်သည်။
သူသည် ဘက်ကာ၏ လက်တစ်ဖက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်က သူမ၏ နောက်ကျောရှိ ၀တ်စုံ ဇစ်ကို ဆွဲဖွင့်လိုက်သည်။