Chapter 72

649 30 2
                                    


ဘက်ကာသည် လီယို၏အိမ်တွင်နေထိုင်ခဲ့သည်မှာ နှစ်ပတ်ရှိပြီဖြစ်သည်။ လီယိုသည် အပေါ်ထပ် Gym ခန်းကို နေ့တိုင်းလိုလို အသုံးပြုနေချိန်တွင် သူမသည် အိမ်အတွင်းကရေကူးကန်ကိုသာ စမ်းကြည့်ရသေးသည်။

လီယိုသည် အရေးကြီးကိစ္စတစ်ခုကဲ့သို့ သူ့ခန္ဓာကိုယ်အတွက် အလွန်ကြိုးစားအားထုတ်ခဲ့သည်။  မကြာသေးမီကပင် လီယိုသည် အလုပ်များလွန်းသဖြင့် သူမနှင့်အတူ အချိန်မဖြုန်းနိုင်ခဲ့ပေ။

ဘက်ကာက ဒီကိစ္စကို မကျေမနပ်ဖြစ်‌ေနတာမျိုး မဟုတ်သော်လည်း လီယိုသည် နိုင်ငံတွင် အချမ်းသာဆုံး စီးပွားရေးသမားတစ်ယောက် ဖြစ်နေတာကြောင့် အလုပ်ရှုပ်နေတာမျိုးကို နားလည်နိုင်ပါသည်။ သူမအတွက်ကဝော့ သူတို့နှစ်ယောက် အတူတူရှိဖို့ အချိန်ပိုပေးနိုင်ရင် ကောင်းမည်ဟု ထင်နေလေသည်။

သူသည် မနက်စာနဲ့ နေ့လည်စာကို ပေါင်းစားခဲ့ပြီး အမြဲအလုပ်ရှုပ်နေတာမို့သူမလျစ်လျူရှုမထားသင့်ပေမယ့် တစ်နည်းနည်းနဲ့တော့ သူမလျစ်လျူရှုနေတုန်းပါပဲ။

လီယိုသည် လေ့ကျင့်ခန်းလုပ်ရင်း သူ၏ sexy ကျသည့် ခန္ဓာကိုယ်ကို ပိုလို့တောင် ဆွဲဆောင်မှုရှိအောင် လုပ်ဖို့ ကြိုးစားနေခဲ့သည်။ တစ်ဖက်မှာတော့ ဘက်ကာ သည်ရှိုးတိုးရှန့်တန့် ဖြစ်လာခဲ့သည်။

သူမကို ဘယ်သူအပြစ်တင်နိုင်မှာလဲ? သူမသည် အမြဲတစေ ဒိုင်းခနဲ ဝင်တိုက်မိစေလောက်သော ခန္ဓာကိုယ်များဖြင့် ဝန်းရံထားခဲ့သည်။  ရားကွယ်လ်.... သက်တော်စောင့်များ....

အိမ်ကအမျိုးသားက ကြွက်သားတွေနဲ့ သူ့ကိုယ်သူ အလှဆင်ထားသည်။ အင်္ကျီမဝတ်ဘဲ သူ့ကိုမြင်တဲ့အချိန်မှာ စောင့်ရမ်း hot တယ်လို့ထင်ရသည်။ ရေထဲက ထွက်လာတဲ့အချိန်ဆိုရင်လည်း ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းတွေက သူ့၏ မြင့်မားသော အရပ်၊ တောင့်တင်းကျယ်ပြန့်တဲ့ ခန္ဓာကိုယ်ပေါ် မှာ ခန့်ထည်နေပုံက........ မတူညီတဲ့ ဆွဲဆောင်မှု ရှိပုံက သူ့ packageနဲ့ သူပဲ။

လီယို မရှိချိန်တွင် ရေချိုးခန်းထဲသို့ ဝင် သူမကိုယ်သူမ ထိနေခဲ့သည်။ အဲဒါကို လုပ်ရင်းနဲ့ ခေါင်းထဲမှာ ပုံရိပ်တစ်ခုပေါ်လာလေသည်။

The Mafia's Queen (Mm Translation)Donde viven las historias. Descúbrelo ahora