ဘက်ကာ ၏တိုက်ခန်းမှထွက်ခွာပြီးနောက် သူ ၏စိတ်ခံစားချက်မှာ မကောင်းတော့ပေ။ ဘက်ကာ့မှာ သူ့အတွက် တူညီတဲ့ခံစားချက်မရှိလို့ သူစိတ်မဆိုးပါဘူး။ ဒါပေမယ့် သူ မကျေနပ်ဘူး။ ဘက်ကာ ဆီက ငြင်းပယ်ခြင်းမခံရသေးသော်လည်း သူကြားလိုသော စကားများကို မပြောသေးသောကြောင့် ဖြစ်သည်။သူမ ပြောတဲ့စကားများကို သူသေလောက်အောင် ကြားချင်တယ်။
ထိုအရာသည် သူက ရှေ့တစ်လှမ်းတိုးပြီး သူမကနောက်နှစ်လှမ်းဆုတ်သလို ဖြစ်သွားသည်။ သူ နည်းနည်းစိတ်သွားသည်။ သူ၏ စိတ်ဆိုးမှုကြီးတစ်ခုလုံးရဲ့ စိတ်အပူဆုံးအပိုင်းကတော့ သူ့ကို သူမ သဘောကျတယ်ဆိုတာကို သိပေမယ့် သူမ၏ အပြုအမူတွေကတော့ အဝေးဆုံးမှာ လိုပဲ။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့အရာတွေကို နာမည်တပ်ပြီး နှစ်ယောက်ကြားက ဆက်ဆံရေးကို လက်ခံပေးရမယ့်အခါမှာ သူမ မသေချာတော့ဘူး။ သူမ အရမ်း ရှုပ်ထွေးနေခဲ့သည်။
သူမသည် ကတိကဝတ်တွေ၊ ဆက်ဆံရေးတွေကို မကြိုက်တဲ့ အမျိုးအစားဆိုတာကို သူ သတိထားပြုမိပြီး သူမကိုယ်တိုင်ကလည်း ထိုအရာတွေကို ကြောက်တယ်လို့ ပြောဖူးသည်။ သူလည်း ထိုသို့သမီးရည်းစားဆက်ဆံရေးမှာ ကြီးကြီးမားမားမဖြစ်ခဲ့ေပမယ့် သူမကို ပြန်တွေ့ပြီးေနာက်မှာ သူမကိုသူ့မိန်းကလေးဖြစ်စေချင်ခဲ့သည်။
သူမကို ထိန်းသိမ်းထားဖို့...
အဲဒီ့မှာထိုတစ်ကိုယ်ကောင်းဆန်မှုတွေကတိုးဝင်လာခဲ့သည်။
သူသည် တစ်ကိုယ်ကောင်းဆန်ခဲ့သည်။ သူမ ကိုသူပဲ လိုချင်တယ်။ သူမလည်း သူ့ကို လိုချင်တယ်ဆိုတာ သူမကိုယ်သူမသဘောပေါက်စေချင်တယ်။ သူမမှာ သူ့အတွက် ခံစားချက်တွေ အများကြီးရှိနေစေချင်တယ်။ ဒါပေမယ့် အဲ့လို မဖြစ်လာပဲ သူမက ရှုပ်ထွေးနေတုန်းပဲ။ သူမဦးနှောက်က သူမနှလုံးသားကို နှောင့်ယှက်နေပြီး သူမက အရာအာလုံးကိုကြောက်ရွံ့ခဲ့သည်။
သူမကို ဂရုစိုက်ဖို့ သူ ဘယ်လောက်ပဲ လုပ်ခဲ့ပါစေ၊ အဲဒီ အကြောက်တရား ရှိနေသေးရင် သူ့ရဲ့ ကြိုးစားမှုတွေရဲ့ အကျိုးသက်ရောက်မှုတွေက ပေါ်လာမှာမဟုတ်တော့ဘူး။