ယခုလက်ရှိ....
လီယိုသည် ဖုန်းကို ကောက်ကိုင်ကာ သူလိုချင်သည့် နံပါတ်မရောက်ခင်အထိ ဆွဲနေခဲ့သည်။ ထို့နောက် ဖုန်းသံနှစ်ခါမြည်ပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်ခဲ့လေသည်။
"ဘော့စ်?? "
"Atlas ရဲ့ CEO နဲ့ ပတ်သက်သမျှ အကုန်မင်း ငါ့ကိုရှာပေးဖို့ လိုတယ်။ ဘာအမှားအယွင်းကိုမှ ငါသည်းမခံနိုင်ဘူးနော်။ နားလည်လား??? "
"ဟုတ်ကဲ့"
"နောက်ပြီး ခရစ်စတီးနား ရားမက်စ် ။ သူမကိုလည်း ရှာ...."
သူ့လူတွေအတွက်ကတော့ သူ့စကားကသာ ဥပဒေ ဖြစ်ပြီး ဘယ်သောအခါမှ မေးခွန်းထုတ်ခွင့် မရှိပေ။
သူသည် ဖုန်းအား ကုတ်အတွင်းသို့ ပြန်ထည့်လိုက်ကာ ကုလားထိုင်အတွင်းသို့ မြှပ်ဝင်သည် အထိ မှီချလိုက်သည်။ သူသည် စိတ်ကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်သော်လည်း သူ၏စိတ်သည် ဘက်ကာ့ ဆီသို့ တရွေ့ရွေ့ ရွေ့လျားသွားသည်။ သူဘာတွေတွေးနေလဲ ဆိုတာ သူ့ဘာသာသိလိုက်ပြီး သနားစရာကောင်းတဲ့အနေအထားနဲ့ ခေါင်းခါလိုက်လေသည်။
ထို့နောက် သူ မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်သွားသည် ။ ထိုအရာက သူ့လက်ရှိ ပြဿနာတွေထက်တောင်ပိုသနားစရာကောင်းနေလေသည်။ အဆောက်အဦးမှ ထွက်လာခဲ့ကာ ကားရပ်သည့်နေရာသို့ လမ်းလျှောက်လာခဲ့သည်။ ကားပေါ်ရောက်သည်နှင့် သူ၏ ယာဉ်မောင်းသည် ချက်ချင်းပင် စက်နှိုးပြီး မောင်းထွက်သွားလေသည်။
သူ့အတွေးများက ကမောက်ကမ ဖြစ်နေပြီး ကောင်းကောင်းစဉ်းစားနိုင်ဖို့ သူ့ခေါင်းကို ရှင်းလင်းရန် လိုအပ်ေနသည်။ ထိုအရာများမှ လွတ်မြောက်နိုင်ရန် တစ်စုံတစ်ဦးထံ အလည်အပတ်သွားခဲ့သည်။
သုံးရက်ကြာပြီးနောက်
သောကြာနေ့....ညနေ ခြောက်နာရီ.....ဘက်ကာသည် ဈေးကြီးသော အီတလီ စားသောက်ဆိုင်ဖြစ်သည့် Osteria Mozzaတွင် သူမ၏ဝမ်းကွဲအား တွေ့ရန် တံခါးအားဆွဲ ဖွင့်လိုက်သည်။ သူမ၏ ဝမ်းကွဲသည် ရှန်ပိန်အား ဇိမ်ဆွဲ ကာ တစ်ငုံချင်းသောက်နေလေသည်။ သူမကားထဲမှ ထွက်လာပြီးနောက် ဆိုင်ထဲသို့ ဝင်ချိန်တွင် သူမ၏ ဒေါက်ဖိနပ်သံက မြည်ဟီးနေခဲ့သည်။